spot_img
Saturday, July 12, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲကာလ ကျောင်းသူ/သားများ နေရပ်ပြန်ခိုင်း

    ရွေးကောက်ပွဲကာလ ကျောင်းသူ/သားများ နေရပ်ပြန်ခိုင်း

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ရွေးကောက်ပွဲ ပြုလုပ်နေစဉ်အတွင်း အဝေးသင် တက္ကသိုလ်ကျောင်းသူ/သားများ စုရုံးဆန္ဒပြလာမည်ကို စိုးရိမ်သောကြောင့် နေရပ်သို့ ပြန်ခိုင်းထားသည်။ 

    အဝေးသင် တက်ရန် စောင့်ဆိုင်းနေသည့် တက္ကသိုလ်ကျောင်းသားများ နေရပ် ပြန်ကာ မဲထည့်ရမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က အဆောင်မှူးများအား အကြောင်းကြားထားကြောင်း မော်လမြိုင်တက္ကသိုလ် အနီးရှိ အဆောင်မှူးတစ်ဦးက ပြောသည်။

    “ကျောင်းသားတွေ ရုတ်ရုတ်သဲသဲ ဖြစ်လာမှာ စိုးလို့ အကုန်ပြန်ခိုင်းတာ ဖြစ်တယ်၊ သူတို့ကတော့ ပြန်ပြန်ထည့်ဖို့ အကြောင်းပြတယ်” ဟု သူမက ပြောသည်။

    မော်လမြိုင်တက္ကသိုလ်နည်းတူ ဖားအံတက္ကသိုလ်ရှိ အဝေးသင်ကျောင်းသူ/သားများလည်း ရွေးကောက်ပွဲ မတိုင်ခင်တစ်ရက် ယမန်နေ့ နိုဝင်ဘာလ (၆) ရက်နေ့မှ စ၍ တစ်ပတ်အတွင်း အဆောင်တွင်း နေခွင့်မရှိဟု ရွေးကောက်ပွဲကော်မရှင်မှတဆင့် ရပ်ကွက်လူကြီးများအား အကြောင်းကြားထားစေသည်ဟု ဘားအံမြို့ရှိ အဆောင်မှုးနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

    “ကျမက ဝေးတော့ မပြန်ဘူး၊ အခုဆိုရင် အပြင်လည်း မထွက်ရဲဘူး၊ ပုန်းနေရတယ်” ဟု ဘားအံတက္ကသိုလ် ကျောင်းသူ တစ်ဦးက ပြောသည်။

    အဝေးသင် တက္ကသိုလ် ကျောင်းသူ/သားများသည် ဘာသာရပ်အလိုက် သုံးပိုင်းခွဲပြီး စာမေးပွဲ ဖြစ်ဆိုရမည် ဖြစ်သည်။ လွန်ခဲ့သည့် နိုဝင်ဘာ (၃) ရက်နေ့တွင် ဒုတိယအသုတ် ဖြေဆိုသူများ စာမေးပွဲ ပြီးဆုံးသွားပြီး လက်ရှိ နိုဝင်ဘာ (၁၀) ရက်နေ့တွင် အနီးကပ်တက်မည့် နောက်ဆုံးအသုတ် ကျောင်းသူ/သားများသာ အဆောင်တွင်း ကျန်ရှိနေသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts