Homeသတင်းသထုံခရိုင်မှာ မိုးစပါးဖြစ်ထွန်းမှုကောင်းသော်လည်း လျာထားချက်ဧက မမီ

သထုံခရိုင်မှာ မိုးစပါးဖြစ်ထွန်းမှုကောင်းသော်လည်း လျာထားချက်ဧက မမီ

-

မင်းတော်လဝီ– မွန်ပြည်နယ် သထုံခရိုင်တွင် မိုးစပါးစိုက်ဧက လျာထားချက် ပြည့်မီအောင် စိုက်ပျိုးရန် ဧက ၆ သောင်း ကျန်ရှိနေသေးသည်။

သထုံခရိုင်ရှိ ၄ မြို့အတွင်း တစ်ဧကအထွက်နှုန်း တိုးရန် နိုင်ငံတော်မှ ချမှတ်ထားပြီး ခရိုင်တစ်ခုလုံး၏ မိုးစပါးစိုက်ဧက ၄ သိန်း ၉ သောင်း (၄၉ဝဝဝဝ) ပြည့်မီရန် လျာထားသော်လည်း အောက်တိုဘာ ပထမအပတ်အထိ စိုက်ပျိုးပြီးစီးမှုမှာ ဧက (၄၃ဝဝဝဝ) ရှိကာ ဧက (၆ဝဝဝဝ) ခန့် စိုက်ရန် ကျန်သေးသည်ဟု သထုံခရိုင်စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောသည်။

သြဂုတ်လကုန်ကတည်းက ရေတော် မိုးတော် မိုးစပါးကွင်းပိတ်စာရင်း တင်ပြပြီးသော်လည်း ကျန်ရှိနေသည့် မယင်း၊ ရေကျနောက်စိုက်ကို ဆက်စိုက်ဖို့ရှိသော်လည်း လယ်သမားတွေက အခက်အခဲကြောင့် ဆက်စိုက်ဖို့ စိတ်သိပ်မပါတော့ဘူးလို့ ၄င်းဝန်ထမ်းက ပြောသည်။

“ရေကျနောက်စိုက်အတွက် ပျိုးထောင်ဖို့ခက်ခဲတယ်၊ ပျိုးတွေပျက်တယ် နောက်ပြီး ကောက်စိုက်သမားငှားရတာမလွယ်ဘူး၊ ငွေလည်းမရှိဘူး၊ စိုက်ပြီးနောက် မိုးပြတ်သွားရင် အရှုံးပေါ်မှာစိုးလို့မစိုက်ဖြစ်တာ’’ဟု သထုံမြို့နယ် နောင်ကုလားရွာမှ လယ်သမားတစ်ဦးက ပြောသည်။

ခရိုင်အနေနှင့် စိုက်ဧက တိုးရေးအတွက်လုပ်ထားတော့ ကိန်းဂဏန်းတွေ ဖေါင်းပွနေတာလဲပါတယ်၊ ဥပမာ-လယ်တကွက်အပေါ်မှာတစ်မိုးနှစ်သီးတို့၊ ကုန်းမြင့်လယ်မြေကိုဖေါ်တာတို့၊ ကျိုက်ထိုမြို့နယ် မှာဆိုရင် လယ်မြေသစ်ဖေါ်ထုတ်ရေးတို့ဟာ လယ်မြေအဖြစ်နဲ့မစိုက်နိုင် သေးဘူး စာရင်းတိုးပြီး တင်ပြထားတော့လက်ကျန်လယ်တွေများနေတာဖြစ်နိုင်တယ်ဟု အငြိမ်းစား ခရိုင်မြေ စာရင်းဝန်ထမ်း တစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် (၆) မြို့နယ်မှ (၅ဝ၅၆ဝဝ) ဧကနှင့် သထုံခရိုင် (၄) မြို့နယ်မှ (၄၉ဝဝဝဝ) ကို ယခုနှစ်မှာ စိုက်ပျိုးသွားရမည်ဖြစ်သလို မွန်ပြည်နယ်မှာ ၂ဝဝ၆ ခုနှစ်တွင် မိုးစပါးစိုက်ဧကမှာ (၇) သိန်းနီးပါးသာရှိခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်တွင် စိုက်ဧက (၁ဝ) သိန်း ပြည့်မီအောင် ဆက်လက်တိုးချဲ့ စိုက်ပျိုးသွားရမည်ဟု နိုင်ငံတော်စီမံကိန်းရည်မှန်းချက်တွင် ချ မှတ်ထားပြီးဖြစ်နေလို့ မြို့နယ်တွေမှာ စားကျက်မြေပါမကျန်၊ လိုက်ဖေါ်နေရသည်ဟု ၄င်းအငြိမ်းစားဝန်ထမ်းက ပြောသည်

“ဒါမို့လို့ သထုံခရိုင်အတွင်း စပါးစိုက်လို့ရနိုင်တဲ့မြေတွေကို လိုက်ဖေါ်နေရတယ်” ၄င်းအ ငြိမ်းစားဝန်ထမ်းက ဆက်ပြောသည်။

စိုက်ဧကတိုးတက်ဖို့လုပ်ဆောင်သလို တဖက်ကလည်း စပါးအထွက်နှုန်းတိုးအောင်လုပ်ဖို့ သွင်အားစု ဓါတ်မြေသြဇာလိုမျိုးက သိပ်လိုအပ်ပါတယ်၊  ခါတိုင်းနှစ်လို မိုးမများပဲ ရေလည်းမကြီးတဲ့အတွက် ဒီနှစ်သထုံခရိုင်မှာ ရေနက်ကွင်းမှ မိုးစပါးက ရေတော်မိုးတော် ဖြစ်လို့စပါးကောင်းတယ်၊ ကုန်းလယ်မြေတွေလည်း စပါးတွေ အတော်အသင့်ကောင်းတယ်ဟု နောင်ကုလားကျေးရွာကွင်းမှာ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ စပါးစမ်းသပ်သုတေသနလုပ်နေသည့် ဆရာတစ်ဦးက ပြောသည်။

သထုံခရိုင် (၆) မြို့နယ်မှ မိုးစပါးစိုက်ပျိုးပြီးဧကမှာ သထုံမြို့နယ် (၁၃၆ဝဝဝ) ဧက၊ ပေါင်မြို့နယ်က (၁၃၂ဝဝဝ) ဧက၊ ဘီလင်းမြို့နယ်က (၁၂၈ဝဝဝ) ဧကနှင့် ကျိုက်ထိုမြို့နယ်က (၃၄ဝဝဝ) ဧကဖြစ်ပြီး ခရိုင်တစ်ခုလုံးမှာ (၄၉ဝဝဝဝ) ဧကလျာထားသော်လည်း အောက်တိုဘာ (၁ဝ) ရက်နေ့ အထိ  (၄၃ဝဝဝဝ) ဧက စိုက်ပျိုးပြီးသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts