spot_img
Wednesday, June 25, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူရှိ တရားမဝင် ရောင်းဝယ်နေသည့် သစ်များကို ဖယ်ရှားခိုင်းနေ

    ဘုရားသုံးဆူရှိ တရားမဝင် ရောင်းဝယ်နေသည့် သစ်များကို ဖယ်ရှားခိုင်းနေ

    -

    ဘုရားသုံးဆူမြို့ပေါ်ရှိ သစ်ကြိတ်စက်မှာ စုပုံနေသည့် သစ်များ

    သူရိန်၊ ဂျူရီချိုင်း – အရေးကြီးပုဂ္ဂိုလ်ခရီးစဉ်အတွက် မြို့တွင်းရှိ တရားမဝင်သစ်များ သိမ်းဆည်းရန် ဘုရားသုံးဆူမယကဥက္ကဋ္ဌက သစ်ရောင်းဝယ်ရေးသမားများကို ယမန်နေ့က အသိပေးပြောကြားခဲ့သည်။

    ဘုရားသုံးဆူမြို့သို့ ပြည်နယ် အထက်အရာရှိလာရောက်ရန် ရှိနေသည့်အတွက် မြို့နယ်ဥက္ကဋ္ဌက ရယကကိုညွန်ကြားပြီး ရယကမှတဆင့် မြို့တွင်းရှိ သစ်ရောင်းဝယ်ရေးသမားများနှင့် ပရိဘောဂအရောင်းဆိုင်များကို စက်တင်ဘာလမကုန်ခင် ၄င်းသစ်များ ကုန်အောင်သိမ်းဆည်းသွားရန် အသိပေးပြောကြားခဲ့သည်။

    “မနေ့က အကြောင်းကြားလာတယ်၊ ပြီးတော့ ဆိုင်ရှေ့မှာပုံထားတဲ့သစ်တွေ မခွဲသေးတဲ့သစ်တွေပေါ့ အမြန်ခွဲနေပြီး လမကုန်ခင်တော့ပြီးမယ်ထင်တယ်၊ အမြန်သိမ်းဖို့မလွယ်ဘူးလေ များတယ်” ဟု သုံးဆူမြို့ရှိ ပရိဘောဂဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    မြို့နယ်ဥက္ကဌနှင့် သစ်ရောင်းဝယ်ရေးသမားများအကြား နားလည်မှုသဘောဖြင့် အလုပ် လုပ်နေကြသောကြောင့် အထက်အရာရှိများ လာမည့်ခရီးစဉ်အတွက် ယခုကဲ့သို့ အသိပေးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

    ယခုလက်ရှိ ဘုရားသုံးဆူမြို့တွင်း မခွဲရသေးသည့် သစ်လုံး စုစုပေါင်း တန်ချိန် တစ်ထောင်ခန့်ရှိနေကြောင်း သစ်ထုတ်လုပ်သူ ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    မြို့ပေါ်ရှိ သစ်များကို အထက်အရာရှိခရီးစဉ်အတွင်း တွေ့ရှိသွားပါက မြို့နယ်မယကနှင့် ပြဿနာဖြစ်လာနိုင်သည့်အတွက် ထိုသစ်တွေကို သိမ်းဆည်းပေးဖို့ ယခုလို အသိပေးလာသည်ဟု သစ်အရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောသည်။

    “ဟုတ်တယ် ပေးသိမ်းခိုင်းနေတယ် ပရိဘောဂဆိုင်တွေများတော့ နည်းနည်းတော်သေးတယ်၊ ရောင်းဝယ်တဲ့လူတွေကျတော့ ခက်ခဲတယ်လေ ဘာလို့လဲဆိုတော့ နေရာပြောင်းရွေ့ဖို့လည်း မလွယ်ဘူး ပြီးတော့ ပြောင်းဖို့လည်းကုန်ကျတာများတယ် မတက်နိုင်ဘူး” ဟု ၄င်းက ပြောသည်။ ဘုရားသုံးဆူမြို့ဒေသတဝိုက်မှ ထွက်ရှိသည့်သစ်များကို ဌေးကုမ္ပဏီထံ အရောင်းအဝယ်ပြုလုပ်နေကြသော်လည်း ယခုနောက်ပိုင်း စျေးကောင်းမရရှိသည့်အတွက် သစ်ထုတ်လုပ်သူတို့က နယ်စပ်၌သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း ၄င်းသူက ဆက်ပြောသည်။

    သစ်ရောင်းဝယ်ရေးနှင့်ပက်သက်၍  ၁၉၉၂ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တရားဝင်သဘောဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တရားမဝင်နည်းဖြင့် ရောင်းဝယ်နေကြသည်။
    ထိုကဲ့သို့ တရားမဝင် သစ်ထုတ်လုပ် ရောင်းဝယ်နေသည်ကို အထက်အရာရှိများက သိရှိနေသော်လည်း ခရီးစဉ်တလျှောက်မှာ ထိုသစ်များကို ပေးမမြင်စေချင်သည့်သဘောဖြင့် ယခုလို သစ်များကို ဖယ်ရှားခိုင်းစေခြင်းဖြစ်ကြောင်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြသည်။

    ၂၀၀၉ ခုနှစ်မှာ မဲကသာတောအတွင်းရှိ လော်ဘာချောင်းဖျား၌ သစ်ထုတ်လျှက်ရှိသော ဌေးမိသားစု ကုမ္ပဏီလီမီတက်အား သစ်ဆက်လက်ခုတ်လှဲခြင်းမပြုရန် ဒူပလာယာခရိုင်အထက်အရာရှိတို့က ဆုံးဖြတ်ချက်ချထားခြင်းရှိသည်။

    ၄င်းတောအတွင်း ဌေးကုမ္ပဏီသစ်ထုတ်လုပ်ခြင်းကြောင့် ဒေသခံပြည်သူများက မိမိတို့၏ ဘိုးဘွားလက်ထက်မှစ၍ ထိန်းသိမ်းလာခဲ့သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့်အကြောင်းကို ခရိုင်ရုံးသို့ စာရေသား အကြောင်းကြားခဲ့သည့်အတွက်ကြောင့် ထိုကုမ္မဏီကို သစ်ထုတ်ခွင့်မပြုရန် တားမြစ်လိုက်ခြင်းဖြစ်သည်။

    ဌေးကုမ္ပဏီသည် ထင်ရှားသည့် သစ်အရောင်းအဝယ်ကုမ္မဏီတခုဖြစ်ပြီး တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး၊ ဦးတေဇပိုင် ထူးကုမ္မဏီနှင့် ပူးပေါင်း၍ သစ်ထုတ်လုပ်နေသည်ဟု ဘုရားသုံးဆူမြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) အသိုင်းဝိုင်းမှလာသော သတင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,500SubscribersSubscribe
    spot_img

    Latest posts