spot_img
Monday, May 6, 2024
More
    spot_img
    Homeသတင်းဗိုလ်ချုပ်အုန်းမြင့် ဖိအာပေးမှုကြောင့် မွန်ပါတီဝင်များ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ နှုတ်ထွက်ရ

    ဗိုလ်ချုပ်အုန်းမြင့် ဖိအာပေးမှုကြောင့် မွန်ပါတီဝင်များ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ နှုတ်ထွက်ရ

    -

    နိုင်မာန် သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်၏ ဖိအားပေးမှုကြောင့် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသို့ ဝင်ရောက်သူများ နှုတ်ထွက်ပေးရမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဆရာတော်ဣန္ဒိက ဆုံးဖြတ်ချက်ချလိုက်သည်။

    မွန်ပါတီထဲကို ဝင်တဲ့လူတွေက မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကနေ နုတ်ထွက်ရမယ်လို့ ဆရာတော်ဣန္ဒကပြောတာက တစ်နေ့ မွန်စာပေအဖွဲ့ကို ထိခိုက်လာနိုင်တယ်လို့ ဆရာတော်က စိုးရိမ်တယ်၊ ဒါကြောင့် ပါတီထဲကို ဝင်တဲ့လူတွေကို နုတ်ထွက်စေချင်တာပါဟု မွန်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

    ဗိုလ်ချုပ်အုန်းမြင့်မှ ဆရာတော်အား ဖိအားပေးပြောကြားပြီးနောက် ယခုကဲ့သို့ စာပေအဖွဲ့ဝင်များနှင့် အဖွဲ့အတွင်း အထွေထွေတာဝန်ယူနေကြသည့် အဖွဲ့ဝင်များအားလုံးကို အစည်းအဝေးခေါ်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီတွင် ပါဝင်သူလှုပ်ရှားနေကြသည့် စာပေအဖွဲ့ဝင်များ နှုတ်ထွက်စာတင်ရလေသည်။

    မြို့နယ်အဆင့် မွန်စာပေလှုပ်ရှားသူတစ်ဦးက “ဂျူလာင် ၇ ရက်နေ့မှာ ဗိုလ်ချုပ်အုန်းမြင့်က မုဒုံကိုရောက်လာပြီးတော့ ကြံ့ဖွံ့အဖွဲ့တွေနဲ့ တွေ့တယ် မြို့နယ်တစ်မြို့နယ်မှာ အဖွဲ့ဝင် သုံးသောင်းရှိရမယ်ယ် စာရင်းအရပေါ့။ အစည်းအဝေးတက်ရောက်လာတာက ရာဂဏန်းတောင်မပြည့်ဘူး၊ အဲဒီမှာ မယက၊ SP၊ ထောက်လှန်းရေးတွေကို ခေါ်ပြီးတော့ မေးမြန်းတယ် ဘာလို့တက်ရောက်သူနည်းရတာလဲဆိုတာကိုပေါ့” ဟု ၄င်းက ပြောသည်။

    အမှန်စင်စစ် ကြံ့ဖွံ့အဖွဲ့ဝင်သည် စာရင်းအရေအတွက်လောက်သာရှိပြီး၊ မုဒုံမြို့နယ်အတွင်းတွင် မွန်ပါတီတို့မှ သြဇာလွှမ်းမိုးထားခြင်းကြောင့် ကြံ့ဖွံ့ပါတီတို့က စည်းရုံးရန် အခက်အခဲဖြစ်ကြောင်းကို တာဝန်ရှိသူတို့က ဗိုလ်ချုပ်အုန်းမြင့်ကို တင်ပြသည်။

    မွန်ပါတီဝင်အများစုသည် စာပေအဖွဲ့အစည်း၊ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးအဖွဲ့၊ လူငယ်အဖွဲ့အစည်းအသီးသီးမှ ပါတီဝင်များ ပါဝင်လှုပ်ရှားနေသောကြောင့် ကြံ့ဖွံ့ပါတီ၏စည်းရုံးရေးခရီးစဉ်မှာ မွန်ပါတီလောက် အရာမရောက်ကြောင်း တင်ပြလေသည်။

    အကြောင်းအရင်းအမှန်ကို သိရှိပြီးနောက် ဗိုလ်ချုပ်အုန်းမြင့်က ဝါမဝင်ခင် ဆရာတော်ဣန္ဒိက သီတင်းသုံးရာ ကမာဝက်ကျေးရွာရှိ ကျောင်းတိုက်၌ လာရောက်ပြီး မွန်ပါတီသစ်အကြောင်းဆွေးနွေးကြကာ မွန်ပါတီနှင့် စာပေအဖွဲ့အစည်းကြား အမြင်ကွဲလွဲမှုရှိအောင် ဖိအားပေးဆွေးနွေးသွားခြင်းကြောင့် ဆရာတော်မှ ယခုလို သတ်မှတ်ချက် ချလိုက်လေသည်။

    မွန်ပါတီဝင်သို့ဝင်ရောက်ခဲ့သည့် စာပေအဖွဲ့ဝင်များသည် ယခုကဲ့သို့ မိမိတို့စာပေအဖွဲ့မှ နုတ်ထွက်ရမည့်အပေါ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ တွဲဖက်အတွင်းရေးမှူးလည်းဖြစ်၊ မုဒုံမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဌလည်းဖြစ်သည့် ဒေါက်တာ နိုင်ဟောင်ဒိန်းမှ သဘောမတူကြောင်း သိရသည်။

    နိုင်ဟောင်ဒိန်းနည်းတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဗဟိုကော်မတီဝင်တစ်ဦးကလည်း ယခုကဲ့သို့ သုံးသပ်ပြောဆိုပါသည်။ ကျနော်အမြင်က (မွန်စာပေနှင့် ယဉ်ကျေးမှု) အဖွဲ့ကနေ မနုတ်ထွက်သင့်ပါဘူး။ အခုက ပါတီစုံဥပဒေစနစ် ပေါ်ထွက်လာပြီ။ ပြီးတော့ အခုပါတီတွေကလည်း ဥပဒေဘောင်အတွင်းကပါတီတွေ။ အရင်ကဥပဒေတွေက မြန်မာအစိုးရက ပြည်ပကအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှာကိုကြောက်ပြီး ကာကွယ်ထားတာ၊ မွန်စာပေအဖွဲ့တွေ နိုင်ငံရေးအဖွဲ့တွေနဲ့ဆက်သွယ်လို ့မ ရဘူးလို့ပြောတာက အဖွဲ့အစည်း ဖျက်သိမ်းခံရမှာကြောက်လို့။ အခုက အဲဒီလို့မဟုတ်တော့ဘူး ကိုယ့်ပါတီကဥပဒေအတွင်းကပဲဆိုတော့ ပါတီထဲကိုဝင်ရင်လည်း ကိုယ်အဖွဲ့အစည်းကနေ မနုတ်ထွက်သင့်ဘူး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts