Homeသတင်းမြန်မာငွေအတု ကျပ် ၂၂ သိန်း ဖမ်းဆီးရမိ

မြန်မာငွေအတု ကျပ် ၂၂ သိန်း ဖမ်းဆီးရမိ

-

လက်ရှိ သုံးနေသည့် ၅၀၀၀ တန် ငွေစက္ကူ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ  – မြန်မာငွေကျပ်အတု ၂၂ သိန်းခန့်နှင့်အတူ လူ ၃ ဦးအား အနန်းကွင်းဗျူဟာမှူး (၁) မှ ဖမ်းဆီးရမိကြောင်း သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် (၂) နေ နိုင်စိန်နှင့် မိမူ ဇနီးမောင်နှံနှင့်အတူ ထိုင်းလူမျိုးတစ်ဦးတို့ကို ကျွန်းချောင်းမှ လှေဖြင့် ဆင်းသွားကြပြီး လမ်းတဝက်မှ ကုန်းလမ်းဖြင့် ခရီးဆက်ကြရာ အနန်းကွင်းမှာ အဖမ်းခံလိုက်ရကြောင်း အဖမ်းခံရသူနှင့် နီးစပ်သူက ပြောသည်။

“သူတို့နဲ့ ဗမာငွေအတု ၂၂ သိန်းလောက်ပါတယ်လို့ ကြားတယ်၊ နိုင်စိန်နဲ့ မိမူက ရပ်ကွက် (၂) မှာ ကြာပြီး နေနေတာ၊ သူတို့တွေက ဘုရားသုံးဆူနဲ့ သံဖြူဇရပ်ကို ကားပြေးဆွဲတဲ့အလုပ်နဲ့ စီးပွားရေးလုပ်နေကြတယ်” ဟု ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

အဖမ်းဆီးခံထားရသည့် မြန်မာငွေအတု ၂၂ သိန်းမှာ ထောင်တန်ငွေများဖြစ်ကြောင်းလည်း သိရသည်။
ထိုလူသုံးဦးကို ဗျူဟာမှူး (၁) မှ ဖမ်းဆီးလိုက်ပြီးနောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

“အနန်းကွင်းဂိတ်မှာ သူတို့ထမင်းစားတယ်၊ အဲဒီမှာ ဆိုင်ရှင်ကို ပိုက်ဆံရှင်းတဲ့အခါမှာ ဆိုင်ရှင်ကနေ ပိုက်ဆံကို မသင်္ကာဖြစ်တော့ ဗျူဟာမှူးကို အကြောင်းကြားပြီး အခုလို ဖမ်းလိုက်တယ်၊ သူတို့ကို ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ကို ပို့လိုက်တယ်” ဟု ဘုရားသုံးဆူမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အတည်မပြုနိုင်သေးသောသတင်းရပ်ကွက်အရ ယခု ဖမ်းဆီးသိမ်းပိုက်ခံထားရသည့် မြန်မာငွေအတုသည် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ ထုတ်လုပ်ကြောင်း စုစုပေါင်း ကျပ်ငွေအတု သိန်း ၆၀ ခန့် ဘုရားသုံးဆူမှာရှိနေကြောင်း သတင်းထွက်ပေါ်နေသည်။

နိုင်စိန်၊ မိမူတို့နှင့်အတူ ပါဝင်သူများကို အာဏာပိုင်တို့မှ လိုက်လံရှာဖွေသည့်အတွက် ၄င်းတို့မှာ ဘုရားသုံးဆူမြို့မှ ရှောင်တိမ်းနေသည်ဟု မြို့ခံတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts