spot_img
Thursday, May 2, 2024
More
    spot_img
    Homeသတင်းဘုရားသုံးဆူးမြို့တွင် လက်သည်မပေါ် ဗုံးတစ်လုံး တွေ့ရှိ

    ဘုရားသုံးဆူးမြို့တွင် လက်သည်မပေါ် ဗုံးတစ်လုံး တွေ့ရှိ

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့

    ဂျူရီချိုင်း – ထိုင်း၊ မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူးမြို့၊ မြို့ပေါ်လျှပ်စစ်မီးဓါတ်အားပေးစက်ရုံးတွင် ယနေ့ မနက်ပိုင်းတွင် လက်သည်မပေါ် ဗုံးတစ်လုံးတွေ့ရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

    အဆိုပါ ဗုံးကို ယနေ့ မနက်ပိုင်း ၉ နာရီကျော်ကျော်လောက်မှာ တွေ့ရှိခဲ့ကြောင်း ထိုနောက် ၎င်းမြို့တွင်းရှိ အခြေချထားသော ခလရ ၃၂ တပ်ရင်းမှူးထံ သွားရောက်အကြောင်းကြားပြီး ၎င်းအဖွဲ့တို့နှင့် မြို့တွင်းရှိ အဖွဲ့အစည်းများ သွားရောက်စစ်ဆေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

    “အာဏာပိုင်တွေက အခု ဗုံးကို မယူထုတ်ရသေးဘူး၊ အဲဒီနေရာကို သဲအိတ်နဲ့ကာထားတယ်” ဟု ၎င်းက ပြောသည်။

    ထိုဗုံးတွေ့ပြီး နောက်ပိုင်းတွင်် ဒေသခံများ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြောင်း၊ မနက်ပိုင်း ၉ နာရီကျော်ကနေ တွေ့ရှိခဲ့ပြီးနောက် မနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ အာဏာပိုင်တွေက စစ်ဆေးမှုပြီးဆုံးသွားသော်လည်း ဗုံးလက်သည်ရာကို ယခုအချိန်ထိ မဖော်ထုတ်နိုင်သေးကြောင်း   ၎င်းက ပြောသည်။

    ဗုံးတွေ့ရှိသည့်နေရာကို ဘုရားသုံးဆူမြို့ပေါ် ရက်ကွက် ၁ ရတနာသိင်္ဃလမ်းတွင် ဖြစ်ကြောင်း သိရသည်။

    “လျှပ်စစ်မီးဓါတ်အာပေးရုံး ထရန်စဖေါ်မာတစ်လုံးအောက်မှာ တွေ့တယ်” ဟု ၎င်းက ပြောသည်။

    အာဏာပိုင်းတွေက လာရောက်စစ်ဆေးမှုပြုခဲ့ပြီးနောက် ၎င်းဗုံးကို ဖြုတ်ယူ သိမ်းဆည်းထားလိုက်ကြောင်း သတင်းရရှိထားသည်ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးက ပြောသည်။

    အဆိုပါလက်လုပ်ဗုံး ပုံသဏ္ဍာန်မှာ RBG အမျိုးအစားဖြစ်ပြီး လီမွတ်ပါ ထည့်သွင်းထားကြောင်း မျက်မြင်များက ပြောသည်။

    အကယ်၍ တစ်ကယ်တမ်းဖောက်ခွဲမည်ဆိုပါက လူမြင်သာသည့်နေရာမှာမထားရက်ကြောင်း

    ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ခြောက်လှန့်ဖို့အတွက်ပဲဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သော သြဂုတ်လ ၃ ရက်နေ့ကလည်း ဘုရားသုံးဆူးမြို့တွင် ဝါယာကြိုးအတွင်းတပ်ဆင်ထားသော ဗုံးတစ်လုံး ခလေးများ ၎င်းဝါယာကြိုးဆော့ကစားရင်း တွေ့ရှိပြီး ဒီကေဘီအေတပ်ဖွဲ့တို့က သိမ်းယူထားလိုက်သည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် ဗုံးတွေ့ရှိမှု၊ ဗုံးပေါက်ကွဲမှုပြဿနာများ မကြာခဏဆိုသလို ဖြစ်ပေါ်လျှက် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts