Saturday, May 2, 2026
More
    spot_img
    Homeသတင်းဒီကေဘီအေတပ်သားတချို့ ကေအဲန်ယူနှင့် ပူပေါင်း

    ဒီကေဘီအေတပ်သားတချို့ ကေအဲန်ယူနှင့် ပူပေါင်း

    -

    စစ်ရေးပြပွဲတစ်ခု၌ ဒီကေဘီအေတပ်သားများ

    ဂျူရီချိုင်း ။  ။ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် မြဝတီမြို့နယ်မှာရှိသည့် ဒီကေဘီအေ အမှတ် (၉၀၂) တပ်ရင်းက တပ်သားတချို့ ကေအဲန်ယူထံ လာရောင်ပူပေါင်းသည်။

    ဒီကေဘီအေ အမှတ် (၉၀၂) လက်အောက်ရှိ တပ်မဟာ (၅) မှ တပ်ဖွဲ့ဝင် ၇ ဦး ယမန်နေ့ နံနက်ပိုင်းက ကေအဲန်ယူ တပ်မဟာ (၆) တပ်ရင်း ၁၈ မှာ လာရောက်ပူပေါင်းပြီး ၄င်းသူတို့က စစ်လက်နက်အပြည့်အစုံလည်း ပါသည်ဟု ကေအဲန်ယူ တပ်မဟာ (၆) မှ ဗိုလ်ကြီး ဗဒိုစောထဲနေက ပြောသည်။

    “သူတို့က တောထဲ၊ တောင်ထဲမှာ နေလာတာကြာလာတယ်၊ နောက်ပြီး အချင်းချင်းလည်း ပစ်  ကြတဲ့အတွက် တပ်သားတွေက မလိုလားဘူး” ဟု ၄င်းက ပြောသည်။

    ကေအဲန်ယူတပ်ဖွဲ့ဘက်က စစ်မဖြစ်အောင်  ငြိမ်းချမ်းဖို့အတွက်ဆိုပြီး ဒီကေဘီအေတပ်ဖွဲ့ဝင်များ ကို အမြဲတမ်း ကြိုဆိုနေကြောင်း သိရသည်။

    ထို့အပြင် ဒီကေဘီအေ (၉၉၉) တပ်မဟာ လက်အောက်ခံတပ်ရင်းက ဗိုလ်နှုတ်ခမ်းမွှေး ဦး ဆောင်သောအဖွဲ့ကို လာရောက်တိုက်ခိုက်မည့် သတင်းထွက်ပေါ်နေခြင်းကြောင့် ယခုလို တပ်သားတချို့ ကေအဲန်ယူနှင့် လာပေါင်းသည်ဟု ၄င်းက ပြောသည်။

    ဒီကေဘီအေ အမှတ် ၉၀၂ ဗျူဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) လက်အောက်ရှိ တပ်ရင်း ၅ ရင်းအနက် တပ်မဟာ ၅ သည် ကော့ကရိတ်မြို့နယ်အတွင်းရှိ တပ်ရင်းတစ်ရင်း ဖြစ်သည်။

    ထိုအတူ ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ဗိုလ်မှူးကြီးစောလားပွယ် ဦးစီးသော ဒီကေဘီအေ တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးတစ်ဦးလည်း လက်နက်ခဲယမ်းများနှင့်အတူ အေအဲန်ယူထံ ပူးပေါင်းခဲ့သည်ဟု ကေအဲန်အယ်လ်အေ ဒုဗိုလ်မှူးကြီး စောဘူးဖောက ပြောကြောင်း ကေအိုင်စီသတင်းဌာနမှာ ဖော်ပြထားသည်။

    DKBA အချင်းချင်းမှာ နအဖ၏ နယ်ခြားစောင့်တပ်ရန် ကမ်းလှန်းထားခြင်းအပေါ် ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး  နှုတ်ခမ်းမွေးတပ်က ဆန့်ကျင်ပြီး ဒီကေဘီအေ ဗိုလ်မှူးကြီး စောချစ်သူအဖွဲ့ကမူ နယ်ခြားစောင့်တပ်ဖွဲ့ရန် သဘောတူမှုရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks