မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: အမြင်နှင့်သုံးသပ်ချက် (page 5)

Tag Archives: အမြင်နှင့်သုံးသပ်ချက်

ဖိအား

(ဗညားရံ) – အမှန်တကယ် အလုပ်လုပ်တော့မယ်ဆိုယင် ပုံမှန်အားဖြင့် ရန်သူရဲ့ဖိအားကိုပဲ အဓိကထားလေ့ ရှိပါတယ်။ မိမိအသင်းအဖွဲ့ကို ဖျက်ဆီးဖို့ ရန်သူက နောက်တွန့်နေမှာ မဟုတ်ပါဘူး။ ဒါကို လူတိုင်း သိကြပါတယ်။ ဒါပေမယ့် ဘယ်ရန်သူမဆို မိမိရဲ့ရန်သူကို အကြောင်းမသိဘဲ ဝင်ရောက်တိုက်ခိုက်လေ့ မရှိပါဘူး။ အချိန်နဲ့ အခွင့်ကို စောင့်လေ့ ရှိကြပါတယ်။

Read More »

သိသိကြီးနဲ့ ခံလိုက်ရတယ်

ဗညားရံ K.I.O. နဲ့ ကြံ့ဖွတ်အစိုးရ အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့ကြပြီလို့ ဘီဘီစီသတင်းမှာ ဖတ်ရပါတယ်။ တကယ်ဖြစ်ခဲ့ရင်လည်း ဒါက အစမ်းမဟုတ်တော့ပါ။ အရင်ကလည်း အပစ်ရပ်ခဲ့ဖူးပြီပဲ။ ရှမ်းပြည်မှာ SSA (N) ကို ချေမှုန်းဖို့ ကြံ့ဖွတ်စစ်အစိုးရက ဓာတုလက်နက်တွေ သုံးနေတယ်ဆိုပါလား။ ဒါလည်း အထူးမဟုတ်ပါ။ ကယားပြည်မှာ သူတို့ သုံးခဲ့ဖူးပြီ။ တပြည်လုံးအပစ်ရပ်မှ ကချင်က အပစ်ရပ်မယ်၊ UNFC အနေနဲ့သာ ဆွေးနွေးမယ်လို့ ပြောနေတာကို မကြားချင်ယောင်ဆောင်ပြီ မွန်ပြည်သစ်ပါတီနဲ့ ဆွေးနွေးချင်ကြောင်း ကမာဝက်က သံဃာတော်ကို စေလွှတ်အကြောင်းကြားကြောင်း ဖတ်ရပြန်တော့လည်း အော်… ဒါလည်း အထူးအစမ်းတော့ မဟုတ်တော့ပါလား။ မဒတအဖွဲ့ရှိတုန်းကလည်း ကချင်၊ ကယား၊ မွန်၊ နဲ့ ရှမ်းတို့က …

Read More »

မအောင်မြင်ခဲ့သော သမဝါယမစနစ်ကို စိုက်ပျိုးရေးလုပ်ငန်းတွင် အကောင်အထည်ဖော်မည် ဆိုပါက

မင်းတော်လဝီ -“တကယ်တော့ သမဝါယမလုပ်ငန်းဟာ မွန်မြတ်တဲ့လုပ်ငန်းတခုပါ၊ ဦးဆောင်လုပ်တဲ့လူနဲ့ လုပ်ကိုင်တဲ့ လူတွေစိတ်ဓါတ်ကြောင့် မဆလခေတ်တုန်းက ပျက်ခဲ့ရပြီးပြီ၊ အခုလည်း လူတွေ ယုံကြည်မှု နည်းနေတယ်” ဟု မြို့နယ် သမဝါယမဦးစီးဌာနမှ အငြိမ်းစားဦးစီးမှူးတဦးက ပြောသည်။

Read More »

တုုိင်းရင်းသားတို့၏ သံတမန်ရေးရာတိုက်ပွဲကို စမ်းစစ်ကြည့်ခြင်း

ဗညာဟံသားရေးသည် – ပြည်ပဖိအားပေးမှုသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တစိတ်တပိုင်းအဖြစ် အကျုံးဝင်ပေသည်။ မြန်မာပြည်တပ်မတော် ခေါင်းဆောင်တို့သည် အမေရိက၊ ဥရောပ၊ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနှင့် ဒေသခံခေါင်းဆောင်များမှ တိုက်တွန်းသည့် အပြုသဘောဆောင်သော နိုင်ငံရေး၊ တွေ့ဆုံဆွေးနွေးရေးကို မထီမဲ့မြင် ပြုခဲ့သည်။ တိုင်းရင်းသားခေါင်းဆောင်များမှလည်း သံတမန်ရေးရာတိုက်ပွဲတွင် အခွင့်သင့်တိုင်း ထိုးနှက်ခဲ့သော်လည်း လက်တွေ့တွင် သုံးပွင့်ဆိုင် တွေ့ဆုံးဆွေးနွေးရေး မပေါ်ပေါက်ခဲ့ချေ။ ပြည်ပဖိအားပေးမှု၊ သံတမန်ဖိအားပေးမှု၊ စီးပွားရေးအရ အကြပ်ကိုင် ပိတ်ဆို့မှု၊ အရှေ့တောင်အာရှအသင်း ဥက္ကဋ္ဌတာဝန်ကို ပယ်ချပေးမှု စသော သံတမန်ရေးရာတိုက်ပွဲအကြားတွင် တပ်မတော်မှ စစ်အာဏာရှင်များက မြန်မာပြည်တွင် အစိုးရအသစ် ဖွဲ့စည်းခဲ့ပြီး အာဏာကို လက်ဝါးကြီးအုပ် ဆက်လက်ထိမ်းချုပ်နိုင်ခဲ့သည်။

Read More »

ကချင်ထိုးစစ်ကို မြင်ကြည့်ခြင်း

မြန်မာတပ်မှ ဖမ်းဆီးရမိသော ကျည်ဆံများကို စစ်ဆေးနေစဉ်

ဗညားရံ – အခုတလော ရှမ်းနဲ့ ကချင်နယ်တွေမှာ ဦးသိန်းစိန် အစိုးရက ထိုးစစ်တွေ ဆင်နေပါတယ်။ တိုင်းပြည် မငြိမ်းချမ်းအောင် လုပ်ဖို့က သူတို့ရဲ့ တာဝန်ပါ။ လက်ရှိအချိန်မှာ စစ်တပ်ကို တည်ဆောက်ရမှာမို့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ အကြံထုတ်ရပါတယ်။ စစ်တပ်ရဲ့ တည်ရှိမှုကို ပြည်သူတွေရဲ့ ခေါင်းထဲမှာ စွဲနေဖို့ ဒီထိုးစစ် အပါအဝင် နောက်ထပ် ထိုးစစ်များကိုလည်း အကန့်အသတ်များနဲ့ ဆက်လုပ်သွားမှာ သေချာပါတယ်။ ဦးသိန်းစိန်အစိုးရ လုပ်နေတဲ့ ကချင်ထိုးစစ်မှာ စစ်ပရိယာယ်အရ လုပ်ခြင်း ဖြစ်တယ်။ ကချင်နယ်ကို ထိန်းချုပ်လိုတာက ပထမဆိုပေမဲ့ ဦးစီးချုပ်အသစ်က သူ့အစွမ်းကို ပြချင်တာလည်း ပါပါတယ်။ တက်ကာစ အစိုးရကို ခံ့ညားအောင် လုပ်ချင်တာလည်း …

Read More »

ဒေါ်စု၏ ဖက်ဒရယ် ပြည်ထောင်စုမူ (အသစ်တဖန်လား – အစစ်မှန်လား)

ဗညာဟံသာ – မြန်မာပြည် အသွင်ကူးပြောင်းရေးနှင့်အတူ သွေးစည်းညီညွတ်သော တိုင်းပြည် တည်ထောင်ရေးအတွက် ကမ္ဘာ့နိုင်ငံရေး ဖြစ်ပျက် တိုးတက်မှုကို အခြေခံပြီး မြန်မာပြည်တွင် ဖက်ဒရယ် ပြည်ထောင်စု (ပြည်ထောင်ပေါင်းစု တိုင်းပြည်) ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံနှင့်အညီ ဆောင်ရွက် ကြိုးပမ်းသွားရန်အတွက် အသိပညာရှင်နှင့် နိုင်ငံရေးသိပ္ပံ ပညာရှင်များမှ ပြည်ထောင်စု စာတမ်းများကို ရေးသားကြရန် ကမ္ဘာ့အသိအမှတ်ပြု ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ကြေညာပြီး တိုက်တွန်းခဲ့သည်။

Read More »

ဒီမိုကရေစီကို အရေခြုံ၍ စစ်အာဏာရှင်စနစ် အစိုးရအာဏာကို တည်ဆောက်ခြင်း

ဗညာဟံသာ – မြန်မာပြည်တွင် အသစ်ဖွဲ့စည်းခဲ့သည့် အစိုးရသည် ဒီမိုကရေစီကို အရေခြုံ၍ စစ်အာဏာရှင်စနစ်ကို အသက်သွင်းခဲ့သည်ဟု ကမ္ဘာ့ခေါင်းဆောင်နှင့် မြန်မာပြည် နိုင်ငံရေး လေ့လာသူများက ထပ်ခါထပ်ခါ ဖွင့်ပြော ဝေဖန်ခဲ့သည်။

Read More »

ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ

သူရိန် – နဝတ၊ နအဖ စစ်အစိုးရလက်ထက်တွင် ပြည့်ခိုင်ဖြိုး (ကြံ့ဖွတ်) အသင်း၏ ဦးစီးခေါင်းဆောင် ဖြစ်ခဲ့သော ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရင်းမြစ်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ၂၀၁၁ မတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် (ပထစ) အစိုးရအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ အစိုးရသစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

Read More »

ရုပ်သေးအစိုးရနှင့် ရုပ်သေးလွှတ်တော်အောက်တွင် အမှောင်ချခံနေသည့် မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲသစ်

မင်းကိုမွန် (ဝါခရူ)– အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည် ဟူသော ဆောင်ပုဒ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ဝါဒဖြန့်ခဲ့သော တပ်မတော် စစ်အာဏာရှင် အစိုးရက ၂၀၁၀ ရုပ်သေးအစိုးရ ရုပ်သေးလွှတ်တော်ကို သိက္ခာမဲ့စွာ ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် တည်တန့်ခိုင်မြဲရေးအတွက် နှစ်ပေါင်းနှစ်ဆယ်ကျော် အုတ်မြစ်ချခဲ့ပြီး လက်တွေ့တွင် ကမ္ဘာ့အသိအမှတ်မပြုသော အစိုးရနှင့် လွှတ်တော်ကို တပ်မတော်၏ စစ်အာဏာအောက်တွင် သွတ်သွင်းခဲ့သည်။

Read More »