မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: သတင်း (page 4)

Tag Archives: သတင်း

သတင်းအချက်အလက်မှားယွင်းမှု တောင်းပန်ခြင်း

မွန်သတင်းအေဂျင်စီအင်တာနက်သတင်းပါ ဇွန်လ ၂၇ ရက်နေ့တွင် သတင်းထောက် ပိုင်နွန် ရေးသားပေးပို့သော “မွန်ပြည်နယ်တွင် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ၇၀% ရှိနေဟု HURFOM အစီရင်ခံစာထုတ်ပြန်” ခေါင်းစဉ်ပါ သတင်းအချက်အလက်များ လွဲမှားနေသည်ကို ပြန်လည်စစ်ဆေးတွေ့ရှိသဖြင့် အဆိုပါသတင်းအား လုံးဝ(လုံးဝ)အသုံးမပြုပါကြောင်း၊ ယင်းကဲ့သို့ သတင်းလွဲမှားခဲ့မှုမျိုး နောင်မဖြစ်ပေါ်စေရန် သက်ဆိုင်ရာသတင်းထောက်နှင့် အယ်ဒီတာတို့အား ပြင်းထန်စွာသတိပေးခဲ့ကြောင်း၊ နစ်နာသူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား အနူးအညွတ်တောင်းပန်အပ်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ မွန်သတင်းအေဂျင်စီ

Read More »

မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်လမ်းလျှောက်ပွဲနှင့် ဟောပြောပွဲ ရေးမြို့တွင်ကျင်းပပြုလုပ်

ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်လူငယ်ကွန်ယက် (ရေး)၊ ရေးမြို့နယ်ရှိ သံဃာတော်များနှင့် မွန်သံဃာပျိုများ ဦးစီးပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်လမ်း လျှောက်ပွဲနှင့်ဟောပြောပွဲကို မွန်ပြည်နယ်၊ ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ မွန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

Read More »

မော်လမြိုင်သံလွင်တံတားထိပ် ဟင်္သာအဝိုင်းပြောင်းလဲရန် ဟင်္သာရုပ်ထုသစ်ထုဆစ်မည်

မွန်ပြည်နယ် ၊မော်လမြိုင်မြို့ရှိ သံလွင်တံတားထိပ် မုတ္တမ-မော်လမြိုင်အနီးရှိ ဆွမ်းအုပ်အဝိုင်းကို ဟင်္သာအဝိုင်းသို့ပြန်လည်ပြောင်းလဲရာတွင် ဟင်္သာရုပ်ထုအသစ် ထုဆစ်ထားရှိသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ရေးရာထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

Read More »

ရေးမြို့နယ် တောင်ပိုင်းမှ ဓါးပြလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ တပ်မတော်ထံ လက်နက်ချ

မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်း ထိစပ်ဒေသတွင် အခြေပြုလှုပ်ရှားနေသည့် အလွန်၊ အဆောင်း ဦးဆောင်သည့် ဓါးပြလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဇွန်လ ၂၅ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ရေးမြို့ အခြေစိုက် စကခ ၁၉ ၌ လက်နက်ချခဲ့သည်။

Read More »

MCL ဘိလပ်မြေစက်ရုံသို့ သွားရောက်လေ့လာရန်ဖိတ်ကြားမှုအပေါ် ကန့်ကွက်သူ ဒေသခံများစိုးရိမ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် တည်ဆောက်လှျက်ရှိသည့် MCL ဘိလပ်မြေစက်ရုံအတွင်းသို့ သွားရောက်လေ့လာရန် ဖိတ်ကြားမှုအပေါ် စက်ရုံလည်ပတ်မည့်ကျောက်မီးသွေးလောင်စာအသုံးပြုမှု ကန့်ကွက်သူ ဒေသခံများအနေဖြင့် စိုးရိမ်ကြောင်း ပြောကြားလိုက်သည်။

Read More »

အလွန်၊ အဆောင်း ဓါးပြအဖွဲ့ ရေးမြို့တွင်လက်နက်ချ

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသများတွင် လှုပ်ရှားခဲ့သည့် အလွန်၊ အဆောင်း ခေါင်းဆောင်သောဓါးပြအဖွဲ့ဝင် ၂၀ ဦးတို့သည် ဇွန်လ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရေးမြို့အခြေစိုက် တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ ၌ လက်နက်ချ အလင်းဝင်ခဲ့ပြီး ဖြစ်သည်။

Read More »

သံဖြူဇရပ်မြို့နယ်တွင် ရွှေ့ပြောင်းအိမ်ထောင်စုစာရင်း ၉ ရာကျော်စာရင်းပေးသွင်းထား

ရက် ၁၀၀ စီမံချက်ဖြင့် ရွှေ့ပြောင်းလုပ်သားများအား အိမ်တောင်စုစာရင်းများထုတ်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အိမ်ထောင်စုစာရင်း ကိုးရာ(၉၀၀) ကျော် စာရင်းပေးသွင်းထားပြီဟု လဝကဦးစီးမှူးထံမှ သိရသည်။

Read More »

ထောင်ချီသော မြန်မာအလုပ်သမားအများစု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရ

ဇွန်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် တလေထိုင်းခန်းမရှေ့တွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရောက်ရှိလာသော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း သိရသည်။

Read More »

ရေးတောင်ပိုင်း အလွန်၊ အဆောင်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်ရန်စီစဉ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတစ်ဝိုက်တွင် လှုပ်ရှားလှျက်ရှိသည့် အလွန်နှင့် အဆောင်း ညီအကိုနှစ်ယောက်ခေါင်းဆောင်သည့် လက်နက်ကိုင်ဓါးပြအဖွဲ့သည် လာမည့်ရက်ပိုင်းများအတွင်း တပ်မတော်ထံ အလင်းဝင်ရန် စီစဉ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

Read More »

ဓမ္မစေတီခေါင်းလောင်းပြန်လည်ဆယ်ယူမည့် ဦးစံလင်းပြောဆိုမှုကို မွန်သမိုင်းသုတေသီအချို့ရှုပ်ချ

လာမည့်ဝါခေါင်လတွင် ဓမ္မစေတီခေါင်းလောင်းကြီးကို ကုန်းပေါ်သို့ အရောက်ဆယ်ယူမည်ဟု ဦးစံလင်း၏ပြောဆိုနေမှုအပေါ် အချို့သော မွန်သုတေသီတို့က ရှုပ်ခဲ့ကြသည်ဟု သိရသည်။

Read More »