မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း (page 20)

သတင်း

တိုင်းရင်းသားစာပေသင်ကြားမည့် ကျောင်းသားများစာရင်း ကြိုတင်ကောက်ခံ

လာမည့် (၂၀၁၇-၁၈) ပညာနှစ်၌ အခြေခံပညာမူလတန်းကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားမည့် ကျောင်းသား/သူစာရင်းများကို သက်ဆိုင်ရာအခြေခံပညာမူလတန်းကျောင်းများအား စာရင်းကောက်ခံပေးရန် ပြည်နယ်ပညာရေးမှူးရုံးမှတဆင့် ဖေဖော်ဝါရီ (၁၇) ရက်နေ့က ညွှန်ကြားထားခဲ့ကြောင်း သိရသည်။

Read More »

မော်လမြိုင်- ချောင်းဆုံတံတားအား ဒေသအမည်သတ်မှတ်ပေးရန် သမ္မတရုံးသို့ သဘောထားပေးပို့

သံလွင်မြစ်ပေါ်တွင်တည်ဆောက်လျှက်ရှိသည့် မော်လမြိုင်- ချောင်းဆုံသံလွင်မြစ်ကူးတံတားအား မွန်ဒေသနှင့် ကိုက်ညီသည့် အမည်နာမဖြင့် သတ်မှတ်ပေးရန် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မွန်အရေးလှုပ်ရှားသူအဖွဲ့မှ နိုင်ငံတော်သမ္မတရုံးသို့ သဘောထားစာပေးပို့ထားကြောင်း သိရသည်။

Read More »

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် သတ်မှတ်ရန် ညှိနှိုင်းနေဆဲ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကျင်းပရန် မူလလျာထားချက် ရှိသည့် အချိန်ကာလသို့ ရောက်ရှိနေသော်လည်း ကျင်းပရန် အတွက် ရက်သတ်မှတ်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ (UPDJC ) အဖွဲ့ဝင်များထံက သိရသည်။

Read More »

အကြိုင်းခေါင်းဆောင်သည့် ဓါးပြအဖွဲ့ ရေးမြို့နယ်တောင်ပိုင်းနှင့် ရေဖြူမြို့နယ်တွင် ဆက်ကြေးတောင်းခံနေ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတို့တွင် အကြိုင်း ခေါင်းဆောင်သည့်အဖွဲ့ဝင် ၁၀ ဦးခန့်ပါဝင်သည့်ဓါးမြအဖွဲ့ ထပ်မံပေါ်ပေါက်လာပြီး ဒေသခံများရွာသားများထံ အဓမ္မဆက်ကြေးငွေများ တောင်းခံသည့်ဖြစ်ရပ်ဖြစ်ပွါးလျှက်ရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Read More »

မိမိဆန္ဒအလျှောက် ရာထူးမှရပ်နားရန် မွန်ဝန်ကြီးချုပ်က သမ္မတထံသို့နှုတ်ထွက်စာပေးပို့

လက်ရှိမွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ရာထူးမှ ရပ်နားရန် ယနေ့ ဖေဖော်ဝါရီ (၂၀) ရက်၌ နိုင်ငံတော်သမ္မတထံသို့ နှုတ်ထွက်စာပေးပို့ပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

Read More »

ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC မတ်လ ၁ ရက်နေ့တွင်တွေ့ဆုံမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် အစိုးရ၏တရားဝင်ဖိတ်ကြားချက်ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC လက်ခံပြီး လာမည့်မတ်လ ၁ ရက်နေ့တွင် တွေ့ဆုံကြမည်ဟု သိရသည်။

Read More »

MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေး‘အလိုမရှိ’ ပျားတောင်ဒေသခံတို့ ကန့်ကွက်ဆန္ဒပြ

ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်းကို ပျက်စီးစေနိုင်သည့် MCL မော်လမြိုင် ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးအသုံးပြုလျှပ်စစ်စွမ်းအင် ထုတ်လုပ်နေခြင်းကိုအလိုမရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ကော့ပနောကျေးရွာရှိ လယ်ကွင်းတွင် ပျားတောင်ဒေသရှိ ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၂၅၀ဝ ကျော်က ဆန္ဒဖော်ခဲ့ကြသည်။

Read More »

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်နှုတ်ထွက်ကြောင်း ဦးမင်းမင်းဦးပြော

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော ဦးမင်းမင်းဦးသည် ရာထူးမှ နှုတ်ထွက်မည် ဖြစ်ရာ လာမည့်တနင်္လာနေ့တွင် လွှတ်တော်နှင့်သမ္မတထံသို့ တင်ပြသွားမည်ဟု ဖေဖော်ဝါရီ ၁၈ ရက်က မွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားလိုက်သည်။

Read More »

ရတခနှင့်မွန်ပြည်သစ်ပါတီ ပြေလည်မှုအချို့ရရှိ

အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)နှင့် မွန်ပြည်သစ်ပါတီတို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လတ်တလောဖြစ်ပေါ်နေသော စစ်ရေးတင်းမာမှုများ ပြေလည်မှုအချို့ရရှိခဲ့သည်ဟု သိရသည်။

Read More »

တဖုဿနှင့်ဘလ္လိကညီနောင်နှစ်ပါး မွန်လူမျိုးဖြစ်ကြောင်း စာတမ်းဖတ်ပွဲ ကျင်းပမည်

ရွှေတိဂုဏ်ဘုရားတည်ဆောက်ရန် ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော် ၈ ဆူရယူလာသည့် တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ပါး မွန်လူမျိုးဖြစ်ကြောင်း သက်သေနှင့်တကွဖော်ပြသွားမည့် စာတမ်းဖတ်ပွဲတစ်ခုကို လာမည့် မတ်လ (၅) ရက်နေ့ မော်လမြိုင်မြို့ ဓာတုမာလာကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း စာတမ်းရှင်များထံမှ သိရသည်။

Read More »