Monday, March 16, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် ဒဏ်ရာနှင့် သေဆုံးသူတဦး တွေ့ရှိ

    ဘုရားသုံးဆူမြို့တွင် ဒဏ်ရာနှင့် သေဆုံးသူတဦး တွေ့ရှိ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒဏ်ရာများနှင့် သေဆုံးနေသူတဦးကို တွေ့ရှိရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

    ဘုရားသုံးဆူမြို့
    ဘုရားသုံးဆူမြို့
    ဘုရားသုံးဆူမြို့ အမှတ် ၄ ရပ်ကွက် ရွှေဥဒေါင်ကန် ရေလယ်ကျွန်းတွင် အသတ်ခံခဲ့ရပြီး၊ သေဆုံးသူမှာ အသက် ၂၈ နှစ် အရွယ်ရှိ ကိုလွင်နောင်နောင် ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

    ၎င်းက “ညက ဘယ်အချိန် သေနေမှန်းလည်း မသိဘူး၊ ဒီမနက်စောစော မိုးလင်းခါစမှ လည်ပင်း ဖြတ်ခံရပြီး သေဆုံးနေတဲ့ အလောင်းကို တွေ့ရတယ်” ဟု ပြောသည်။

    ကိုလွင်နောင်နောင်သည် ဘုရားသုံးဆူရွာ ထိုင်းဘက်ကမ်း (ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်) တွင် နေထိုင်ကာ ဖိနပ်စက်ရုံ၌ အလုပ်လုပ်နေသော အလုပ်သမားတဦး ဖြစ်ပြီး မြန်မာဘက်ကမ်း ဘုရားသုံးဆူမြို့သို့ လာရောက် လည်ပတ်ရင်း အသတ်ခံရသည်ဟု ဆိုသည်။

    သေဆုံးသူ ဝတ်ဆင်ထားသည့် ရွှေ ၃ ကျပ်သားလည်း ပျောက်ဆုံးနေသည်ဟု မသေဆုံးမီ မြင်တွေ့ခဲ့သူများက ပြောသည်။

    “အဲဒီရပ်ကွက်မှာ လောင်းကစားဝိုင်းတွေလည်း ရှိတယ်၊ အဲတော့ ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက် တာလား၊ ဒါမှမဟုတ် သူနဲ့ ရင်းနှီးတဲ့ တယောက်ယောက်လည်း ဖြစ်နိုင်တယ်” ဟု ဘုရားသုံးဆူ မြို့ လေ့လာသူတဦးက ပြောသည်။

    မည့်သည့်အကြောင်းကြောင့် အသတ်ခံရသည်ကို အတည်မပြုနိုင်သေးကြောင်းလည်း မြို့ခံများက ပြောသည်။

    ဘုရားသုံးမြို့ အမှတ် ၄ ရပ်ကွက် (ရွှေဥဒေါင်းကန်ရပ်ကွက်) တွင် အနီထောင်၊ အံဂလုံ၊ ဖဲနှင့် ပန်းသီးပုံး လောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာခန်းများ ဖွင့်လှစ်ထားပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရာ နေရာလည်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

    ပြီးခဲ့သည့်လက ဘုရားသုံးဆူမြို့ပေါ်တွင် ပြန်ပေးဆွဲ ဓါးပြမှုနှင့် ပစ္စည်းခိုးမှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ သတ်ဖြတ်ခံရမှုသည် ဘုရားသုံးဆူမြို့၌ ပထမဆုံးအကြိမ် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks