Homeသတင်းကေအဲန်ယူဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးပတ်သက်၍ သတင်းထုတ်ပြန်

ကေအဲန်ယူဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးပတ်သက်၍ သတင်းထုတ်ပြန်

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သုံးပတ်ကြာကျင်းပခဲ့သည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးနှင့်ပတ်သက်၍ ယမန်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

KNU ၏ ထုတ်ပြန်ကြေညာချက်
KNU ၏ ထုတ်ပြန်ကြေညာချက်
အဆိုပါအစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကေအဲန်ယူ နယ်မြေ ဖားအံခရိုင်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကေအဲန်ယူ ဗဟိုကော်မတီဝင် ဗဒိုမန်းငြိမ်းမောင်က “ပုံမှန်ဗဟိုကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်ချက်တွေကို သဘောထားတွေကို တိုင်းပြည်ကိုသိသင့်တဲ့ကိစ္စပဲထင်လို့ ကျနော်တို့ထုတ် တယ်၊ နောက်ကျနော်တို့ ကရင်အမျိုးသားတွေလည်းသိစေချင်တဲ့ရည်ရွက်ပြီးတော့ ဒီထုတ်ပြန်ချက်ကို ထုတ်လိုက်တယ်” ဟု ပြောသည်။

အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်းကော်မတီ ၄၀ ဦး တက်ရောက် ကြပြီး ၄ နှစ်တာကာလအတွင်း အဖွဲ့အစည်း၏ အခြေအနေ၊ နိုင်ငံရေးအခြေအနေများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နည်းဥပဒေများနှင့် အခြေခံလမ်းစဉ်လုပ်ငန်းစဉ်များကို ကျေကျေလည်လည် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြင်ဆင်ဖြည့်စွက် ဆွေးနွေးအတည်ပြုခဲ့ကြသည်ဟု ယင်းထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယခင်စစ်ဦးစီးချုပ်အပါအဝင် ကေအဲန်ယူထိပ်ပိုင်း ခေါင်းဆောင် ၃ ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကေအဲန်ယူဗဟိုက မူလတာဝန်များအတိုင်း ပြည်လည်ပေးအပ်ခဲ့သည်။

ကေအဲန်ယူသည် နောက်သက်တမ်း ခေါင်းဆောင်များကို ရွေးချယ်ရန်အတွက် လာမည့် နိုဝင်ဘာလ ၂၆မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ၁၅ ကြိမ်မြောက် ညီလာခံကျင်းပမည်ဟု သိရသည်။

ထို့အတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် လတ်တလော ဖြစ်ရှိပြောင်းလဲနေသော မြန်မာပြည်နိုင်ငံရေးအခြေအနေနှင့် တိုင်းရင်းသားလူမျိုးစုများ၏ နိုင်ငံရေးရည်မှန်းချက်များကို ပြည်လည်သုံးသပ်ဆွေးနွေးနှိုင်းယှဉ်ပြီး အစည်းအဝေးမှ ရှေ့လုပ်ငန်းစဉ် အချက် ၃ ချက်ဖြင့် ချတ်မှတ်ခဲ့သည်။

ယင်းအချက်များမှာ
၁။ စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေးအတွက် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော် ဆောင် ရွက်သွားမည်၊
၂။ စစ်မှန်သောပြည်ထောင်စုပေါ်ထွန်းရေးကို တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများဆန္ဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်၊
၃။ ကရင်အမျိုးသား အစည်းအရုံးသည် စစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်ရေး ကရင်အမျိုးသားများ၏ အကျိုးကျေးဇူး ခံစားခွင့်ရရှိရေးနှင့် တန်းတူညီတူအခွင့်အရေးရရှိရန် ပြည်တွင်းပြည်ပ ကရင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်တို့ ပါဝင်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts