Homeသတင်း“သင်မပါဝင်ဘဲ ငြိမ်းချမ်းရေးမရနိုင်” ရှင်းလင်းပွဲပြုလုပ်

“သင်မပါဝင်ဘဲ ငြိမ်းချမ်းရေးမရနိုင်” ရှင်းလင်းပွဲပြုလုပ်

-

ခတ္တာနန်း – “သင်မပါဝင်ဘဲ ငြိမ်းချမ်းရေးမရနိုင်” ဟူသော ဆောင်ပုဒ်နှင့်အတူ ယမန်နေ့တွင် Alternative ASEAN Network on Burma မှ မြန်မာအမျိုးသမီးများ အလုပ်သင်အဖွဲ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နှစ်နေရာခွဲ၍ မြန်မာရွေ့ပြောင်းအလုပ်သမားများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၄င်းပိုစတာများတွင် “သင်မပါဘဲ ငြိမ်းချမ်းရေးမရနိုင်- ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ရမည်” ဟူသည့် ကြွေးကြော်သံဖြင့် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။

သင်မပါဝင်ဘဲ ငြိမ်းချမ်းရေးမရနိုင်(AANB)
လှုပ်ရှားမှုအဖွဲ့ဝင်တစ်ဦးဖြစ်သူ မိမိုးချမ်းက “လက်ရှိမြန်မာ့နိုင်ငံရေးအပြာင်းအလဲတွေမှာ အစိုးရအနေနဲ့နိုင်ငံတကာတွေက မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို မေ့နေတယ်၊ နိုင်ငံ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေလည်းပါဝင်ဆွေးနွေးလှုပ်ရှားခွင့်ရှိပြီး ရဲရဲဝန့်ဝန့် ပြောဆိုလာဖို့အတွက်ရည်ရွယ်တာပါ” ဟု ပြောသည်။

ဘန်ကောက်မြို့တွင် ဖွင့်လှစ်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ စာသင်ကျောင်း Migrant Center နှင့် ဘန်းကပိရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတစ်နေရာတွင် ပြုလုပ်ခဲ့ကြသည်။

“သင်မပါဝင်ဘဲ ငြိမ်းချမ်းရေးမရနိုင်” လက်ကမ်းစာစောင်နှင့် ပို့စတာများကို ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးအခင်း၊ ကချင်စစ်ပွဲများအကြောင်း၊ ဆည်တည်ဆောက်မှုများနှင့် မြေယာသိမ်းဆည်းမှုအကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။

“ကျမတို့မျှော်လင့်တာထက် ပိုပြီး ထိရောက်မှုရှိခဲ့တယ်၊ တစ်ရက်ကို အလုပ်သမား ၃၅၀ ဝန်းကျင်လောက်ပဲ တွေ့ဖို့မှန်းထားပေမဲ့ ခုအလုပ်သမား ၆၀ဝ ကျော်ကျော် လောက်နဲ့ကို တွေ့ဆုံခဲ့ရပါတယ်” လို့ မိမိုချမ်းက ပြောသည်။

လာမည့် တနင်္ဂနွေနေ့တွင်လည်း အလားတူလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ချင်းမိုင်၊ မဲဆောက်နှင့် အခြားနယ်စပ်ဒေသများ၌ ဆက်လုပ်ပြုလုပ်ရန်အတွက် အစီအစဉ်ရှိကြောင်း သိရသည်။

မြန်မာအမျိုးသမီးများ အလုပ်သင်အဖွဲ့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)၊ ကယန်းအမျိုးသမီးအဖွဲ့အစည်း (KyWO)၊ ရှမ်းလူငယ်အင်အား (SYP)၊ ကချင်အမျိုးသမီးများအစည်းအရုံး (KWAT) နှင့် အမျိုးသမီးနှင့် ကလေးအခွင့်အရေးအစီအစဉ် (WCRP) တို့ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃.၅ သန်းခန့် ရှိကြောင်း Federation of Thai Industries (FTI) မှ ခန့်မှန်းထားပါသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts