Homeသတင်းသံလွင်မြစ်ရေလယ်ကျွန်းကြောင့် ထုံးအိုင်အထက်ရွာ ရေအခက်အခဲတွေ့

သံလွင်မြစ်ရေလယ်ကျွန်းကြောင့် ထုံးအိုင်အထက်ရွာ ရေအခက်အခဲတွေ့

-

မင်းတော်လဝီ – ကရင်ပြည်နယ် သံလွင်မြစ်လယ်တွင် ကျွန်းတစ်ကျွန်းဖြစ်ပေါ်လာသဖြင့် ဘားအံမြို့နယ်၊ ထုံးအိုင်အထက်ရွာ ဒေသခံလူထုများအတွက် ရေအခက်အခဲကြုံတွေ့နေရသည်။

သံလွင်မြစ်လယ်၏အနောက်ဘက်ရှိ ထုံးအိုင်အထက်ရွာ ကမ်းစပ်ဘက်သို့ သဲများသောင်ထွန်းလာသဖြင့် ကျွန်းတစ်ကျွန်း ဖြစ်ပေါ်လာခြင်းသည်။

“လွန်ခဲ့တဲ့ ၂၀ နှစ်လောက်က ရွာကမ်းစပ်နဲ့ ရေလယ်သောင်ဟာ တော်တော်ဝေးနေတော့ ရွာသားတွေရေခပ်၊ ရေချိုး နွေစပါးအတွက်အားလုံးအဆင်ပြေခဲ့တယ်၊ သောင်တွေက တဖြေးဖြေးနဲ့ရွာဘက်ကို တိုးလာတော့ ရေချိုး၊ ရေခပ်မရတော့ဘူး၊ နွေစပါးလည်းစိုက်မရ၊ ရေရှိတဲ့နေရာရောက်ဖို့တစ်ဖါလုံကျော်ဝေးတယ်၊ အခုမိုးပြတ်တာနဲ့ရေအခက်အခဲ တွေ့ပြီ” ဟု နိုင်လှမြိုင်ထုံးအိုင်အထက် ရွာဘားအံမြို့နယ်က ပြောသည်။

ထုံးအိုင်ရွာသည် သံလွင်မြစ်ရေကိုသာ အားထားနေရသည့်အတွက် မြစ်ရေကိုသယ်ယူရန် နေရာအလွန်ဝေးကွာနေသဖြင့် အဝီစိတွင်းမှရေဝယ်ယူ သုံးစွဲကြရသည်ဟု သိရသည်။

“အဝီစိတွင်းက အနက်ပေ ၁၀ဝ ကျော်တူးရတယ်၊ ငွေကျပ် ၅ သိန်းလောက်ကုန်တယ်၊ ရေဝယ်သုံးတာတိုင်ကီ(ပေပါ) ၈ လုံးဆံ့တဲ့ ဖွတ်ချက်ကားတစီးစာကို၂၅၀ဝ ကျပ်ပေးရတယ်”ဟု မူလတန်းပြဆရာမ မိစုခိုင်က ပြောသည်။

ထုံးအိုင်ရွာသည် ဘားအံမြို့နယ်အတွင်းရှိမွန်ရွာကြီးတရွာဖြစ်ပြီး အထက်ရွာနှင့်အောက်ရွာဟု ခွဲခြားထားသည်။

သံလွင်တံတား(ဖားအံ) တည်ဆောက်ချိန်မှစပြီး မြစ်ရေစီးကြောင်းပြောင်းလဲကာ ဘားအံနှင့်ထုံးအိုင်ကြားရှိ ကော့လှိုက်ကျွန်းသည်လည်း ရေတိုက်စားမှုဒဏ်ကြောင့် ပျောက်ကွယ်သွားပြီးဖြစ်သည်။

၄င်းကော့လှိုက်ကျွန်းမြေများသည် နီးစပ်ရာထုံးအိုင်အထက်ရွာအနီးတွင် စုပုံလာပြီး ကျွန်းတစ် ကျွန်းထပ်မံ ဖြစ်ပေါ်လာရသည်ဟု သဘာဝပတ်ဝန်းကျင်လေ့လာနေသူများက ခန့် မှန်းပြောဆိုနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts