Homeသတင်းဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်

-

ဂျူရီချိုင်း – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မယ်လစခန်းအတွင်းရှိ စခန်းကော်မတီဝင်အချို့နှင့် လက်ရှိ ဒုက္ခသည်များ၏ နေထိုင်းရေး၊ စားနပ်ရိက္ခာလုံလောက်မှုရရှိရေးနှင့် ပညာရေးအခြေအနေ စသည့်ဒုက္ခသည်များ၏အခဲအခက်နှင့်ပတ်သက်ပြီး တစ်နာရီကျော်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ မွန်လူငယ်တစ်ဦးက ပြောသည်။

၎င်းက “ဒေါ်စုလာတာ ဘောလုံးကွင်းမှာ ကြိုဆိုတဲ့လူတွေ အတော်များတယ်၊ တိုးလို့တောင် မနိုင်ဘူး အဝေးကနေမြင်နေရတယ်၊ ဘာပဲဖြစ်ဖြစ် ကျနော်တော့ ဝမ်းသာတယ်” ဟု ပြောသည်။

ထို့အပြင် စခန်းအတွင်းရှိ AMI ဆေးရုံသို့သွားရောက်ကြည့်ရှု့ခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် ဒုက္ခသည်စခန်းမှ ပြန်လည်ထွက်ခွာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်နေကြသည့် ဒုက္ခသည် ထောင်ချီရှိကြောင်း သိရသည်။

မေလ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးနှီး နှောဖလှယ်ပွဲသို့ လာရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးနေ ထိုင် သည့် မဟာချိုင်မြို့သို့ သွားရောက်တွေ့ဆုံမိန့်ခွန်ပြောကြားခဲ့ပြီး နယ်စပ်ရှိ ဒုက္ခသည်စခန်း ကိုလည်း သွားရောက်တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးစဉ်အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ပြီဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts