spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းသားအရေးအတွက် စောင့်ကြည့်ရဦးမည်ဟု မွန်နိုင်ငံရေးလေ့လာသူများပြော

    တိုင်းရင်းသားအရေးအတွက် စောင့်ကြည့်ရဦးမည်ဟု မွန်နိုင်ငံရေးလေ့လာသူများပြော

    -

    ကျလွန်းထော – လက်ရှိနိုင်ငံရေးအနေအထားမှာ ပူးပေါင်းဆောင်ရွက်ခြင်းအပိုင်းသို့ ရောက်ရှိနေသည့်အတွက် NLD မှ မှတ်ပုံတင်သည်မှာ ကောင်းသောလက္ခဏာဖြစ်သော်လည်း တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ စောင့်ကြည့်နေရဦးမည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ဒုဥက္ကဌ (၂) နိုင်တင်အောင်က ပြောသည်။

    ပုံ - guardian.co.uk
    ပုံ - guardian.co.uk

    “တိုင်းရင်းသားတစ်ယောက်အမြင်နဲ့ကြည့်မယ်ဆိုရင် ဒေါ်စုတို့က ဗမာလူမျိုးဆိုတော့ ဒီမိုကရေစီအခွင့်အရေးအတွက်ဦးစားပေး လှုပ်ရှားသွားမှာဖြစ်တယ်၊ ကျနော်တို့လိုတိုင်းရင်းသားတွေ ကျတော့ ဒီမိုကရေစီအခွင့်အရေးနဲ့ အမျိုးသားလွတ်မြောက်ရေးအသွင်နှစ်မျိုးနဲ့ လှုပ်ရှားနေရတယ်ဆိုတော့ အစိုးရသစ်အနေနဲ့ ဘယ်လောက်အထိ တိုင်းရင်းသားအရေးကို ဘယ်လိုအသိအမှတ်ပြုပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်တယ်” ဟု နိုင်တင်အောင်က ပြောသည်။

    NLD ပါတီ၏ ရည်ရွယ်ချက်ကို ထောက်ခံသော်လည်း သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်အဖွဲ့တွင် စစ်ရေးအမြင်များလွှမ်းခြုံနေသေးသည့်အတွက် လွတ်တော်တွင်တင်ပြမည့် တရားဥပဒေစိုးမိုးရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားအရေးနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများထပ်မံ လွတ်ပေးရေးဆွေးနွေးရာကြတွင် လွယ်ကူနိုင်လိမ့်မည်မဟုတ်ဟု မွန်ရေးရာအဖွဲ့ချုပ် (MAU) အလှည့်ကျနာယက နိုင်စွမ်းထွန်က ပြောသည်။

    “ကမ္ဘာ့နိုင်ငံရေးခေါင်ဆောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါလို့ ပြောလာတဲ့အချိန်မှာ ဦးသိန်းစိန်က မီဒီယာတွေကနေ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းချခံနေရတဲ့သူမရှိဘူးလို့ဆိုတယ်၊ ပြီးတော့ လက်နက်ကိုင်တိုင်းရင်းသားတွေလည်း အပစ်အခတ်ရပ်စဲပြီးရင် ဖွံ့ဖြိုးရေးလုပ်မယ်လို့ ဒီလိုပြောလိုက်ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်တဲ့အပြင် အဲဒီအထဲကိုဆွဲထည့်သွားနေတယ်၊ ဦးသိန်းစိန်တို့ရဲ့ စစ်အုပ်စုအမြင်နဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲဝင်သွားရင် ပြင်ဆင်သင့်တာတွေကိုပြင်နိုင်ပါ့မလားဆိုတာ ကျနော့်ကိုသံသယ ဖြစ်စေတယ်” ဟု နိုင်စွမ်းထုန်က ပြောသည်။

    ထို့အတူ လက်ရှိအစိုးရသစ်မှ ဥပဒေအနည်းအကျဉ်း ပြင်ဆင်ပြောင်းလဲလိုက်ယုံဖြင့် NLD အနေဖြင့် မှတ်ပုံတင်ရန်ဆုံးဖြတ်လိုက်သည်မှာ လုံးဝမဖြစ်သင့်ကြောင်း မလေးရှားနိုင်ငံရှိ မွန်လူငယ်အဖွဲ့မှ အတွင်းရေးမှူး နိုင်ဥက္ကာက ပြောသည်။
    “NLD အနေနဲ့ အရင်က ၂၀၀၈ အခြေခံဥပဒေကိုဆန့်ကျင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရမယ်၊ ရွှေဂုံတိုင် ကြေညာစာတမ်းတွေ၊ ဒါတွေ ဘာမှအကောင်အထည်မဖော်ရသေးပဲနဲ့ အစိုးရသစ်က ဥပဒေ နည်းနည်းပြင်ပေးလိုက်တာနဲ့ မှတ်ပုံတင်လိုက်တာ ကျနော့်အနေနဲ့ လုံးဝ အားမပေးပါဘူး” ဟု နိုင်ဥက္ကာက ပြောသည်။

    NLD အနေဖြင့် ဒီမိုကရေစီနည်းကျကျ ဆက်သွားမည်ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရင်တွေ့ဆုံသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့သည့်အချိန်၌ ဒေါ်စုအနေဖြင့် ပြန်လည်ပြောကြားရန် အချိန်မတန်သေးကြောင်း ဟူသော စကားလုံးများကို တိုင်းရင်းသားများအနေဖြင့် သတိထားရန်လိုအပ်ကြောင်း၊ အကယ်၍ ဒီမိုကရေစီအသွင်ပြောင်းလဲရေးတာကြည့်ပြီး တိုင်းရင်းသားများအရေးကို မကြည့်ပါက ပြည်တွင်းရေး ပြဿနာများ ဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်း နိုင်ဥက္ကာက ပြောသည်။

    ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ထားသော ရွှေဂုံတိုင်ကြေညာစာတမ်းတွင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုနှင့် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလာဒ်ကို အသိမှတ်ပြုရေးတို့ကို တောင်းဆိုထားသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တရားဝင်ရပ်တည်ရေးမှတ်ပုံတင်မည့် ဆုံးဖြတ်ချက်ကို ပြည်နယ်နှင့်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks