spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်နှင့် စေ့စပ်ရန် မွန်ခေါင်းဆောင်အချို့ကို ဝန်ကြီးချုပ်က တာဝန်ပေးစေလွှတ်

    မွန်ပြည်သစ်နှင့် စေ့စပ်ရန် မွန်ခေါင်းဆောင်အချို့ကို ဝန်ကြီးချုပ်က တာဝန်ပေးစေလွှတ်

    -

    မင်းသုတ – မွန်ပြည်သစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန်အတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းရှိ မွန်နိုင်ငံရေးခေါင်းဆောင်အချို့အား ရွေးချယ်တာဝန်ပေးခဲ့ရာ ယနေ့တွင် ရေးချောင်းဖျားရှိ မွန်ပြည်သစ်ဗဟိုဌာနချုပ်ရှိရာသို့ ခရီးထွက်ခွာလာကြပြီဟု နီးစပ်သူများထံမှ သိရသည်။

    ဝန်ကြီးချုပ် ဦးအုန်းမြင့် ရွေးချယ်တာဝန်ပေးခဲ့သူများက ကျိုက်မရောမြို့နယ်၊ ကော့ပလိုင်ဆရာတော် (ဒေသအခေါ်- ဦးဇင်းဂျုပ်)၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း နိုင်တင်အောင်၊ အဖျက်သိမ်းခံ မွန်အမျိုးသားဒီမိုကရေအဖွဲ့ MNDF မှ နိုင်သက်လွင်နှင့် ဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်ဟောင်း နိုင်စိုးမြင့်တို့ ပါဝင်သည်။

    “မနက် ၈ နာရီလောက်မှာ ဒေါက်တာမင်းကြည်ဝင်းနဲ့ကိုစိုးမြင့်တို့ကို သူတို့ကားပေါ်အတက်မှာတွေ့လိုက်ရတယ်၊ ကားထဲမှာ ဘယ်သူတွေရှိနေတာကိုတော့ မတွေ့မိဘူး၊ သူတို့ရေးမြို့ဘက်ကိုထွက်သွားနေကြပြီ” ဟု အနီးကပ်စောင့်ကြည့်နေသူတစ်ဦးက သတင်းပေးပို့ခဲ့သည်။

    ထို့အတူ ယနေ့တွင် ဦးဇင်းဂျုပ်နှင့် နိုင်တင်အောင်တို့ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်သို့လာရောက်မည်ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီမှစစ်ရေးအကြံပေး အငြိမ်းစားဗိုလ်မှူးကြီးကောင်းရွက်က “ တဖွဲ့နဲ့တဖွဲ့အနေအထားတွေ မတူကြတော့ အပစ်ရပ်စဲရေးကို တဖွဲ့ချင်းအရင်လုပ်သွားသင့်တယ်၊ နောက်တဆင့်နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါ UNFC နဲ့ ENC ဦးဆောင်မှုအောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးမှုဖြစ်ပေါ်လာခဲ့ယင် စစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ပေါက်လာမှာပဲ” ဟု ပြောသည်။

    ၁၉၉၄-၉၅ ခုနှစ်များအတွငး် ယခင်နဝတအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့အပစ်ရပ်စဲသဘောတူညီမှုရရှိရန် တစ်နှစ်ခွဲကာလကြာ လေးကြိမ်တိတိဆွေးနွေးခဲ့ရာ၌ အထက်ဖေါ်ပြပါ မွန်ပြည်သစ်ပါတီမှအနားယူခဲ့ကြသည့် နိုင်တင်အောင်၊ ဗိုလ်မှူးကြီးကောင်ရွတ်၊ နိုင်စိုးမြင့်တို့အဓိက ပါဝင်ခဲ့ကြသည်ဟု သတင်းမှတ်တမ်းများအရ သိရသည်။

    ၁၉၉၅ ခု၊ ဇွန်လ(၂၉) ရက်နေ့တွင် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအပစ်ရပ်စဲမှုရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့တွင် တရားဝင်အပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ခြင်းဖြစ်သော်လည်း နှစ်ဖက်တပ်ဖွဲ့များ ယနေ့တိုင် ပစ်ခတ်မှုမရှိခဲ့သေးပေ။

    တဖန် မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်ကိုယ်စားလှယ်များသည် ရေးမြို့အခြေစိုက် ခလရ(၆၁) တပ်ရင်းရုံးတွင် လွန်ခဲ့သည့်အောက်တိုဘာ(၆) ရက်နေ့တွင် တစ်ရက်နီးပါးခန့် ပဏာမစတင်ဆွေးနွေးခဲ့ကြသော်လည်း အခြေအနေမှန်များကို သတင်းထုတ်ပြန်ခြင်းမပြုခဲ့ပါ။

    မွန်ပြည်နယ်ဝန်ကြီးချုပ်စေလွှတ်လိုက်သော ကိုယ်စားလှယ်များယနေ့လာရောက်ချိန်တွင် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင်လည်း ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပနေချိန်နှင့် တိုက်ဆိုင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. အိုးမဲသုတ်တိုင်း ခွပ်တတ်တဲ့အကြည့် အနှစ်ခြောက်ဆယ်ပြီးတောင် ယောင်နေသေးလား၊ လိုအပ်လို့လုပ်သလား၊ လိုအပ်လို့လုပ်ရင် အပိုအလုပ်မဖြစ်ဖို့အရေးကြီးတယ်၊

      လှုပ်လေမြုပ်လေလား၊ ရုန်းထွက်ဖို့ကြိုးစားရင်းနစ်မြုပ်နေပြီလား၊ ရှေးတိုးဖို့စဉ်းစားရင်း နောက်ဆုတ်နေပြီလား

      ပိုတ်သ္ကုတ်မှဒှ်တၜ

      ယဝ်စိုတ်တေံယံင်
      ဂၜံင်ကၜက်အာမာန်
      ဂစာန်လေဝ်ဒှ်သဿးသဿး
      စိုတ်ဟွံအးတှေ်ဒေါံထောံ

      ဟွံပေင်စိုတ်ဟီုတှေ်
      ဇာတ်ညးလှေ်လ္ပဗက်
      လက္ကရဵညးလေဝ်လ္ပကွာ်
      ရံင်ဟွံကြိုက်တှေ်ဒေံါထောံ

      ဂဲါဝဲါဂဲါဝါဲ
      ရံင်လေဝ်ဟွံဆာဲ
      ဂွံဒှာဲလေဝ်ဟွံဒှ်ဖုႝ
      ဒုင်ကုႝမာန်တှေ်ကုႝထောံ

      ပမံင်ညံင်ကုႝတီ
      ဠဒးဂံါဇိုင်ဟွံတိတ်
      သၛိတ်ထောံအတိုင်ဂှ်တှေ်
      ဒှ်ညးအာလ္ပာ်ဆုတ်ဏောင်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts