spot_img
Thursday, April 25, 2024
More
    spot_img
    Homeအယ်ဒီတာ့အာဘော်တိုင်းရင်းသားတို့၏ အတိတ်သင်ခန်းစာနှင့် ပြည်တွင်းငြိမ်းချမ်းရေး

    တိုင်းရင်းသားတို့၏ အတိတ်သင်ခန်းစာနှင့် ပြည်တွင်းငြိမ်းချမ်းရေး

    -

    နိုဝေင်ဘာ – ၇ – ၂၀၁၁ – လက်ရှိသမတဦးသိန်းစိန်၏ အစိုးရသစ်သည် ပြည်တွင်းငြိမ်းချမ်းရေး (သို့တည်းမဟုတ်) ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် သဘောထားထုတ်ပြန်ထားရုံသာမက ဒေသအသီးသီးရှိ ပြည်နယ်အစိုးရများကို စေလွတ်ကာ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် စတင်တွေ့ဆုံ ဆွေးနွေးလျှက်ရှိသည်။

    သို့ရာတွင် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးသဘောထားအပေါ် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများမှ သံသယဖြင့် စောင့် ကြည့်လဈက်ရှိသည်။ အစိုးရမှ ငြိမ်းချမ်းရေးအား လိုလိုလားလားဖြင့် ခေါ်ဆောင်သည်လော။ နိုင်ငံအတွင်း အခြေအနေတည်ငြိမ်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရယူကာ အခြေအနေကို ထိန်းသိမ်းထားခြင်းလော။ အစိုးရအသစ်မှ (၂၀၀၈) ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေအခံဥပဒေအား အသုံးပြုကာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအပေါ် တဖြည်းဖြည်း လက်နက်ဖြုတ်သိမ်းမည့် အစီအစဉ်များ နောက်ကွယ်တွင် ထားရှိသည်လော၊ စသည့်သံသယများ ရှိပေသည်။

    ၁၉၉၀ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ၊ ထောက်လှမ်းရေးမှူးချူပ် ဗိုလ်ချူပ်ကြီးခင်ညွှန့်မှ တိုင်းရင်းသားလက်နက်အင်အားစုများနှင့် အပစ် အခတ်ရပ်စဲရေး သဘောတူညီရယူခဲ့ပေသည်။ တိုင်းရင်းသားတို့မှ (၁၅) နှင့်တာ အပစ်အခတ်ရပ်စဲသည့် အနေအထားဖြင့် ရပ်တည်သွားကာ၊ မည်သည့်ပြည်တွင်းငြိမ်းချမ်းရေး ဖြေရှင်းမှုနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများများကို မပြုလုပ်ခဲ့ပေ။ (၁၅) နှစ်ကာလအတွင်း၊ တိုင်းရင်းသားတို့၏ တောင်းဆိုချက်များကို မဖြည့်ဆင်းပေးသည့်အပြင်၊ ”နယ်ခြားစောင့်တပ်” ”ပြည်သူ့စစ်” အသွင်ဖြင့် တိုင်းရင်းသားတို့၏ လက်နက်များကို ဖြုတ်သိမ်းရန် ကြိုးစားနေခဲ့ပေသည်။

    အစိုးရအဆက်ဆက်တို့၏ သဘောထားကို သုံးသပ်ကြည့်မည်ဆိုပါက လက်ရှိတော်လှန်ရေး တိုက်ပွဲဝင်နေသည့် လက်နက်ကိုင်တိုင်းရင်း သားများအပေါ် အသိအမှတ်ပြုစိတ်မရှိပေ။ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆုတ်ယုတ်သွားအောင် ဆောင်ရွက်နေသည့် သောင်းကျန်းနေသူများသာဖြစ်ကြောင်း သဘောထားရှိနေပေသည်။ ထို့ကြောင့် ၄င်းတို့၏ လက်နက်များအား ဖြုတ်သိမ်းရန် နည်းလမ်းအမျိုးစုံဖြင့် ဆောင်ရွက်နေပေသည်။

    တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအား အတိတ်၏သင်ခန်းစာကို သိရှိခဲ့ပြီဖြစ်သည့်အတွက် လက်ရှိအစိုးရမှ ငြိမ်းချမ်းရေးကမ်းလှမ်း လာသည့်အပေါ် သတိတကြီးဖြင့် စောင့်ကြည့်နေခြင်းဖြစ်သည်။ အစိုးရမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြည်နယ်အဆင့်မှ ကမ်းလှမ်းနေ သည့်အချိန်တွင် တပ်မတော်မှ ကချင်လက်နက်ကိုင်တပ်နှင့် ရှမ်းလက်နက်ကိုင်တပ်များအား ထိုးစစ်ဆင် တိုက်ခိုက်နေပေသည်။ ၄င်းကိစ္စသည် မရိုးသားဟု တိုင်းရင်းသားအဖွဲ့အစည်းများမှ ယုံကြည်နေပေသည်။

    တချိန်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ (၁၅) နှစ်တာ အပစ်အခတ်ရပ်စဲရေးကာလ၏ သင်ခန်းစာများကို ရယူကာ၊ ”အပစ်အခတ်ရပ်စဲရေး” မှတဆင့် ”နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတရပ် ပြုလုပ်ပေးရန် တောင်းဆိုထားပေသည်။ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲအား ဦးမတည်သည့် အပစ်အခတ်ရပ်စဲရေးသည် အဓိပ္ပါယ်မရှိကြောင်း၊ ထောက်ပြထားပေသည်။

    ထို့ကြောင့် လက်ရှိသမတ ဦးသိန်းစိန်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းအပေါ် တကယ်အကောင်အထယ်ဖော်လိုသည်ဆိုပါက ပထမဦးဆုံးအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား အသိအမှတ်ပြုရမည်။ ”အပစ်အခတ်ရပ်စဲရေး ”သဘောတူညီချက်ရယူမည် ဆိုပါက ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းမျိုးမဟုတ်ပဲ တစုံတရာသော ”နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ” သို့ ဦးတည်သွားရန် လိုအပ်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts