spot_img
Wednesday, March 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းနစကကောင်စီတွင်ဆက်လက်ပါဝင်သွားရန် MUP ဗဟိုကော်မတီဝင် ၃ ပုံ ၂ ပုံကျော် ထောက်ခံအတည်ပြု

    နစကကောင်စီတွင်ဆက်လက်ပါဝင်သွားရန် MUP ဗဟိုကော်မတီဝင် ၃ ပုံ ၂ ပုံကျော် ထောက်ခံအတည်ပြု

    -

    မွန်သတင်းအေဂျင်စီ (၁၆ မတ် ၂၀၂၁)

    နိုင်ငံတော် စီမံအုပ်ချုပ်မှုကော်မတီတွင် မွန်ညီညွတ်ရေးပါတီ MUP ပါဝင်ရန်သင့်မသင့် ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ယမန်နေ့က သံဖြူဇရပ်မြို့တွင်ကျင်းပခဲ့ရာ ဆက်လက်ပါဝင်သင့်ကြောင်း မဲအရေအတွက်ဖြင့် ၃ ပုံ ၂ ပုံကျော်ဖြင့် ကော်မတီဝင် အများစုက ထောက်ခံအတည်ပြုလိုက်သည်။ 

    ပါတီပြောရေးဆိုခွင့်ရ နိုင်တလညီက “မနေ့က ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးလုပ်တယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ချမှတ်ထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ပါဝင်နေတဲ့ကိစ္စကို ဗဟိုကော်မတီအစည်းဝေးမှာ ပြန်ပြီးတော့ ဆွေးနွေးကြတယ်။ ဗဟိုကော်မတီဝင် အများစုက ကောင်စီမှာ ပါဝင်ဖို့ လက်ခံတယ်။ အပြီးသတ် မဲခွဲတော့ ကော်မတီဝင် အများစုက ထောက်ခံကြတယ်”ဟု ပြောသည်။ 

    အစည်းအဝေးတက်ရောက်သူ ဗဟိုကော်မတီဝင် ၉၀ ဦးအနက် ပျက်ကွက်သူ ၄ ဦး၊ ကန့်ကွက်မဲ ၂၆ မဲနှင့် ထောက်ခံမဲ ၆၀ တို့ဖြင့် ဗဟိုအလုပ်အမှုဆောင်၏ ယခင်ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုခဲ့သည်။ 

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းချက်ကို MUP လက်ခံကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အရေးပေါ် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

    သို့ရာတွင် MUP တာဝန်ပေးအပ်ခဲ့သော ဒေါက်တာဗညားအောင်မိုးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမအား နစကကောင်စီက ခန့်အပ်တာဝန်ပေးခဲ့ကြောင်း တွေ့ရသည်။

    “ကျနော်တို့အတွေ့အကြုံအရ အခုလိုအချိန်မှာ အတိုက်အခံအဖြစ် ဆန့်ကျင်သွားမယ်ဆိုရင် မွန်အမျိုးသားထုတွေကြားမှာ အသက်အန္တရယ်တွေ သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်လို့ အခုလိုစစ်ကောင်စီမှာပါဝင်သွားဖို့ ရွေးချယ်လိုက်တာပါ ကျနော်တို့ပါတီအပေါ် နားလည်ပေးကြပါ စိတ်အေးအေးထားကြပါလို့ ပြောချင်ပါတယ်” ဟု မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးချယ်တာဝန်ပေးခြင်းခံရသူ နိုင်လယိတမက မွန်သတင်းအေဂျင်စီနှင့် ယခင်အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    အလားတူ လက်ရှိဖြစ်ပွားနေသည့်နိုင်ငံရေးပြဿနာအား အင်အားသုံး၍ အကြမ်းဖက်ဖြေရှင်းသည့်နည်းလမ်းကို အားမပေးကြောင်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ထွက်ပေါက်ရှာဖွေကြရန် မွန်ပြည်သစ်ပါတီက သဘောထားထုတ်ပြန်ခဲ့သည်။

    ထို့အတူ နိုင်ငံရေးပြဿကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဥ်ကျေးမှုကို နှလုံးသွင်း၍ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးကို ရှေုးရှုလျှက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားပြီး အင်အားစုအားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြပါရန် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ညီညွတ်ရေးပါတီတို့က စစ်အာဏာသိမ်းမှုအပြီး ဖေဖော်ဝါရီ ၅ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks