မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ပြည်နယ်တွင် ၂၀၁၈ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ၂၇၅၀ဝ ကျော်ရှိ

မွန်ပြည်နယ်တွင် ၂၀၁၈ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ၂၇၅၀ဝ ကျော်ရှိ

ရေးသားသူ:

မွန်ပြည်နယ်တွင် ၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သား ၂၇၅၈၈ ဦးရှိသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။မွန်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ပညာနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းစေရန် ပညာသင်နှစ် စကတည်းကပင် စီမံချက်ရေးဆွဲပြီး အချိန်ပိုသင်ကြားခြင်း၊ ဖြည့်စွတ်သင်ကြားခြင်း၊ ကုစားသင်ကြားခြင်း၊ ဘာသာရပ်ဟောပြောပွဲများကျင်းပခြင်း၊ ၃ နာရီမေးခွန်း အကြိုစာမေးပွဲများကျင်းပခြင်း၊ အောင်ချက်နည်းသည့်မြို့နယ်တို့ကို ကြပ်မတ်ဆောင်ရွက်ခြင်းများဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်ဟု ပြည်နယ်ပညာရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

မော်လမြိုင် အထက (၁)၊ ၂၀၁၇ (MNA)
“ပုံမှန်အားဖြင့် အချိန်ပိုသင်ကြားတာ၊ အောင်ချက်နည်းတဲ့မြို့နယ်တွေက ကျောင်းသူ/သားတွေကို အုပ်ထိန်းမှုနစ်နဲ့ လေ့ကျင့်သင်ကြားပေးတာ၊ အားနည်းတဲ့ကျောင်းသူ/သားတွေ အားနည်းတဲ့ဘာသာရပ်တွေကို ကုစားသင်ကြားပေးတာ၊ ဘာသာရပ်ဆိုင်ရာဟောပြောပွဲတွေ ဆွေးနွေးပွဲတွေ လုပ်ပါတယ်” ဟု ၄င်းက ပြောသည်။

ပြင်ပဖြေဆိုသူများအပါအဝင်၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ/သား ၂၇၅၈၈ ဦးတို့သည် ပြည်နယ်အတွင်းရှိ စာစစ်ဌာန ၅၀ ခုတို့တွင် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်ဟု ဦးမျိုးတင်အောင်က ဆက်ပြောသည်။

၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၇ ရက်နေ့တွင် စတင်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲစစ်ဆေးမှုသည် မတ်လ ၁၆ ရက်နေ့ထိဖြစ်သည်။

မွန်ပြည်နယ်တွင် အထကကျောင်း ၉၂ ကျောင်း၊ အထက (ခွဲ) ၆၆ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၉ ကျောင်း စုစုပေါင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသည့်ကျောင်း ၁၆၇ ကျောင်းရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

မွန်ပြည်နယ်၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် စာရင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသူ/သား ၂၀၇၀ဝ ဦးကျော်ရှိခဲ့ကာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စာရင်းရှိ ကျောင်းသူ/သား ၂၄၁၀ဝ ဦးကျော်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်သည် မြန်မာတနိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့ရာ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယနေရာသို့ အောင်ချက်ကျခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစကာ ပထမနေရာပြန်လည်ရရှိလာခဲ့သည့် ပြည်နယ်ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလဒုတိယပတ်တွင် ကျင်းပရန်လျာထား

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ Mon Political Conference ကို လာမည့်မေလ ၁၂ ရက်နေ့မှစတင်၍ မော်လမြိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပရန်လျာထားပြီး မွန်အမျိုးသားကိုယ်စားပြုပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို …

Leave a Reply

%d bloggers like this: