Homeသတင်းမီးဖိုးချောင်သုံး လောင်စာအမျိုးမျိုး ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်လျှက်ရှိ

မီးဖိုးချောင်သုံး လောင်စာအမျိုးမျိုး ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်လျှက်ရှိ

-

လျှပ်စစ်မီးရရှိချိန်နည်းပါးလာသည့် မွန်ပြည်နယ်တွင် မီးဖိုချောင်သုံးလောင်စာတို့ကို အသုံးပြုမှုများလာပြီး ဈေးနှုန်းမြင့်တက်လျှက် ရှိကြောင်းသိရသည်။

မီးဖိုချောင်သုံးလောင်စာတို့ဖြစ်သည့် gas၊ မီးသွေးနှင့် ထင်းတို့သည် အမျိုးစားပေါ်မူတည်ပြီး ဈေးနှုန်းအမြင့်ဆုံးသို့ရောက်ရှိနေခြင်းကြောင့် အလေလွင့်မဖြစ်အောင်သုံးစွဲနေရသည်ဟု အိမ်ရှင်မတို့က ဆိုသည်။

လက်ရှိမော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့်ဧပြီလက gas တစ်ပိသာ  ၇၀၀၀ မှ ယခုမေလတွင် ၇၅၀၀  မီးသွေး ၊တစ်အိတ် ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ ဈေးမြင့်တက်နေပြီး ထင်းတစ်စည်းလျှင် ၁၀၀၀ ကျော်အထိ ဈေးရှိနေကြောင်း သိရသည်။

“ မီးသွေးနဲ့ချက်တာပိုများပေမဲ့ မီးသွေးနဲ့ဂတ်စ် နှစ်မျိုးစလုံး သုံးတယ်။ အချိန်မရရင် ဂတ်စ်နဲ့သုံးတယ် အချိန်ရရင် မီးသွေးနဲ့ပဲ ချက်လိုက်တယ် ဂတ်စ်ကဈေးကြီးတယ်ဆိုတော့ သိပ်မသုံးရဲဘူး ဂတ်စ် တစ်ပိဿာက ခနလေးသုံးတာနဲ့ကုန်တယ် ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

လျှပ်စစ်မီးမရရှိခြင်းကြောင့် နေအိမ်တစ်အိမ်လျှင် မီးဖိုချောင်သုံးလောင်စာနှစ်မျိုးခန့်အသုံးပြုနေရပြီး ငွေကုန်ကြေးကျ ပိုများကြောင်းလည်း ၎င်း အိမ်ရှင်မက ဆက်ပြောသည်။

 ၄င်းအပြင် ထင်းနှင့် မီးသွေးတို့သည် ဈေးကွက်တွင် ပုံမှန်ထက် ဝယ်လိုအား များလာနေခြင်းကြောင့် လိုသလို ဝယ်ယူ၍ မရနိုင်ကြောင်း သံဖြူဇရပ်မှ မီးသွေးရောင်းဝယ်နေသူတစ်ဦးက ဆိုသည်။

"အခုနွေပိုင်းဆို နည်းနည်းတော့ခံသာသေးတယ် မိုးတွင်းပိုင်းကျရင် ဒီလောက်အထိ မလည်ပတ်နေတော့ ဝယ်ဖို့က နည်းနည်းခက်ခဲရှိမယ်ထင်တယ်၊ အရင်က ဒီလောက်လည်းမဟုတ်ပါဘူး ဒီနောက်ပိုင်း မီးမမှန် ဘာမမှန်တော့ ပိုဝယ်သုံးကြတာပေါ့"ဟု ဆိုသည်။

လျှပ်စစ်မီးရရှိမှုနည်းပါးခြင်းကြောင့်အပြင် ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးအသုံးပြုနေရသည့် ရေးမြို့နယ်တွင်လည်း မီတာလျှော့သုံးသည့်အနေဖြင့် gas မီးသွေးနှင့် လောင်စာတို့ကိုသာ အသုံးပြုချက်ပြုတ်နေရသည်ဟု သိရသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ရက်နေမှစပြီး အနည်းဆုံး တစ်ရက်လျှင် လျှပ်စစ်မီး ၂နာရီဖြန့်ဖြူးပေးမည်ဟု ဆိုသော်လည်း ၂၄ နာရီ မီးပြတ်နေသည့် မြို့နယ်တို့ ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts