မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / နိုင်ငံရေးပါတီများအစုအဖွဲ့ စီးပွားရေးဆိုင်ရာမူဝါဒအလုပ်ရုံဆွေးနွေးပွဲ စက်စဲကမ်းခြေတွင်ကျင်းပမည်

နိုင်ငံရေးပါတီများအစုအဖွဲ့ စီးပွားရေးဆိုင်ရာမူဝါဒအလုပ်ရုံဆွေးနွေးပွဲ စက်စဲကမ်းခြေတွင်ကျင်းပမည်

ရေးသားသူ:

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် နိုင်ငံရေးပါတီအစုအဖွဲ့ ၂၃ ပါတီတို့၏ စီးပွားရေးဆိုင်ရာမူဝါဒအလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုဒီဇင်ဘာ ၂၀ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ် စက်စဲကမ်းခြေရှိ 21 Paradise ဟိုတယ်၌ ၃ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။

“UPDJC မှာပါတဲ့စီးပွားရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲပေါ့၊ အဓိကတော့ ဖက်ဒရယ်စီးပွားရေးနဲ့ ဒေသန္တ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်တဲ့ အခြေခံမူတွေကို နိုင်ငံရေးပါတီ ၂၃ ပါတီက သီးသန့်ဆွေးနွေးကြတာပေါ့” ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး( မွန်အမျိုးသားပါတီ MNP) က ပြောသည်။

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦး( မွန်အမျိုးသားပါတီ MNP)-(Min Zayar Oo)
UPDJC ချမှတ်ထားသော နိုင်ငံရေးမူဘောင်အရ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာသယံဇာတနှင့် လုံခြုံရေးကဏ္ဍများကို နိုင်ငံရေးပါတီအစုအဖွဲ့ ၂၃ ပါတီတို့က ကဏ္ဍအလိုက်ခွဲ၍ သီးသန့်ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

“နိုင်ငံရေးပါတီအစုအဖွဲ့ကတော့ ပြီးခဲ့တဲ့ ၆ လအတွင်း UPDJC ဒုတိယအစည်းအဝေးနောက်ပိုင်းမှာ ကဏ္ဍတစ်ခုကို တစ်ကြိမ်စီဆွေးနွေးခဲ့ကြတယ်၊ ဒီတစ်ကြိမ်ကတော့ စီးပွားရေးကဏ္ဍဆွေးနွေးတဲ့ Workshop ဖြစ်တာပေါ့နော်” ဟု မင်းဇေယျာဦးက ဆက်ပြောသည်။

နိုင်ငံရေးပါတီအစုအဖွဲ့ ၂၃ ပါတီအနေဖြင့် အလားတူအလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်မြို့မှာသာမကဘဲ နယ်များတွင်သွားရောက်လုပ်ဆောင်ရခြင်းမှာ ဒေသခံပြည်သူများနှင့် သတင်းထောက်များအား ထိတွေ့ခွင့်ရရှိသဖြင့် ဒေသအခြေအနေများကို လူထုများနှင့်ဆွေးနွေးနိုင်မှာဖြစ်သလို ၄င်းတို့၏ခံစားချက်ကိုလည်း နီးနီးကပ်ကပ်လေ့လာနိုင်မည်ဖြစ်ကြောင်း သူကယုံကြည်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ Workshop ပထပိုင်း ၂ ရက်တွင် ပြည်တွင်းနှင့် နိုင်ငံတကာမှပညာရှင်တို့၏ အတွေ့အကြုံများကို မျှဝေသည့်အစီအစဉ်နှင့် နောက်ဆုံးရက်တွင် နိုင်ငံရေးပါတီ ၂၃ ဖွဲ့တို့၏သဘောထားအမြင်ကို စုစည်းသည့်အစည်းအဝေးကျင်းပ၍ ဆုံးဖြတ်အတည်ပြုချက်ရယူကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC သို့ စာတမ်းအဖြစ်တင်သွင်းသွားမည်ဟု သိရသည်။

သို့ရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ၅ ရက်ကြာကျင်းပရန်လျာထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက်မရသေးပေ။

About မွန်သတင်းအေဂျင်စီ

Check Also

၂၀၁၈ ခုနှစ်အတွက် ၁၉၆၂ သင်ခန်းစာ

မကြာသေးခင်က “၂၀၁၈ ခုနှစ်အတွက် ၁၉၁၈ သင်ခန်းစာ” ဟူသောဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရသည်။ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်အပြီးကာလ တွေ့ကြုံရသော အထွေထွေအကြပ်အတည်း ပဋိပက္ခများမှ တိုင်းပြည်တွင် ဆိုရှယ်လစ်များ အားကောင်းလာပုံ၊ …

Leave a Reply

%d bloggers like this: