မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / သထုံခရိုင်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်မှရပ်စဲ

သထုံခရိုင်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်မှရပ်စဲ

ရေးသားသူ:

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးကို ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေဖြင့် တာဝန်မှ ရပ်စဲလိုက်ခြင်းဖြင့် အရေးယူခဲ့ရသည်ဟု သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

တာဝန်မှ ရပ်စဲခံရသည့် အုပ်ချုပ်ရေးမှူး ၆ ဦးတို့သည် ပေါင်မြို့နယ်မှ ၃ ဦးနှင့် သထုံမြို့နယ်မှ ၃ ဦးတို့ဖြစ်ပြီး ကျင့်ဝတ်ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုနှင့် ကျေးရွာမြေကွက်ရောင်းစားမှုများဖြင့် တိုင်ကြားခံရသူများ ဖြစ်သည်။

သထုံခရိုင် အုပ်ချုပ်ရေးမှူးရုံး(Internet)
“ပြည်သူတွေက တိုင်ကြားထားလို့ စစ်ဆေးရေး ကော်မတီတွေက တိုင်ကြားစာပါ အချက်အလက်တွေ မှန်၊ မမှန် စစ်ဆေးတယ်၊ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပြည်နယ်အထိ တင်တယ်။ ပြည်နယ်အဖွဲ့က ဥပဒေနဲ့အညီ ဆောင်ရွက်ပါဆိုလို့ ညွန်ကြားလာတဲ့အတွက် ရပ်ကျေးဥပဒေအရ အုပ်ချုပ်ရေးမှူး ၆ ဦးကို တာဝန်ကနေ ရပ်စဲလိုက်တယ်” ဟု သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ဇောက ပြောသည်။

၄င်းအပြင် ထပ်မံတိုင်ကြားခံထားရသည့် ကျိုက်ထိုမြို့နယ်မှ ၂ ဦး၊ ပေါင်မြို့နယ်မှ ၄ ဦးနှင့် ဘီးလင်းမြို့နယ်မှ ၁ ဦး စုစုပေါင်း အုပ်ချုပ်ရေးမှူး ၇ ဦးတို့ကိုလည်း သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ဆေးရန် ညွှန်ကြားထားကြောင်း တိုင်ကြားမှု မှန်ကန်ပါက အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဦးကျော်ဇောက ဆက်ပြောသည်။

စစ်ဆေးဆဲခံရသည့် အုပ်ချုပ်ရေးမှူး ၇ ဦးတို့သည် ကျေးရွာ မီးလင်းရေးကိစ္စ၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ ကျေးရွာမြေများ ရောင်းစားခြင်းကိစ္စနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုကိစ္စတို့ဖြင့် တိုင်ကြားခံထားရသူများဖြစ်သည်ဟု သထုံခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားလာသည့် တိုင်ကြားစာများတွင်လည်း အုပ်ချုပ်ရေးမှူးတွေကို အရေယူပေးရန်ဆိုသည့်ကိစ္စ အများဆုံးတိုင်ကြားမှုရှိသည်ဟု လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ပြောသည်။

လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လုပ်ကိုင်နေကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပါဝင်ပတ်သက်နေသူများ ဌာနဆိုင်ရာများ ရပ်တန့်ကြရန်နှင့် မရပ်တန့်ပါက ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဇွန်လပထမအပတ်က ကျင်းပခဲ့ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သတိပေး ပြောဆိုထားမှု ရှိခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ပြည်သစ်ပါတီ NCA ရေးထိုးဖြစ်လျင်

မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရေးကိစ္စတွင် အကြောင်းကြောင်းကြောင့် ကြန့်ကြာတစ်ဆို့နေခဲ့သည်မှာ သမ္မတဦးသိန်းစိန်လက်ထက်မှ လက်ရှိသမ္မတဦးထင်ကျော် အစိုးရလက်ထက် ယနေ့ကာလအထိ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေသေးသည်။ Related

Leave a Reply

%d bloggers like this: