မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုများလျော့ချနိုင်ရေး ရှမ်းပြည်နယ်တွင် JMC-S စတင်ဖွဲ့စည်း

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုများလျော့ချနိုင်ရေး ရှမ်းပြည်နယ်တွင် JMC-S စတင်ဖွဲ့စည်း

ရေးသားသူ: >

လက်နက်ကိုင်တပ်ဖွဲ့များနှင့်အစိုးရတပ်မတော်တို့ကြား နှစ်ဖက် ရင်ဆိုင် ပစ်ခတ်တိုက်ခိုက်မှုများ လှျော့ချနိုင်ရန် အတွက် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ကို

JMC-U ဥက္ကဌ  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်(MPC)
JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်(MPC)
၂၀၁၆ ခုနှစ်၊ဇန်နဝါရီ ၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊ခိုလမ်မြို့တွင် စတင်ဖွဲ့စည်းလိုက် ကြောင်း သတင်းရရှိသည်။

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) ကို ဖွဲ့စည်းသည့် အစည်းအဝေးသို့ အစိုးရတပ်မတော်ဘက်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတိီ(JMC-U)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည် နယ်ရဲမှူးချုပ်၊တို့ တက်ရောက်ခဲ့ကြသလို လက်နက်ကိုင်အဖွဲ့များဘက်မှ RCSS/SSA ၊PNLO၊ CNF၊ KNU၊ မှ စသည့် အဖွဲ့များမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

“နှစ်ဖက် ညိှနှုိင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။အခုဖွဲ့စည်းလိုက်တဲ့ ပြည်နယ်အဆင့် (JMC-S)ကနေ ကျွန်တော် တို့ ဖြစ်နိုင်တဲ့ အချက် ဖြစ်သင့်တဲ့ အချက်တွေကို ထည့်သွင်းထားတာဖြစ်လို့ ဒါကို လိုက်နာသွားမယ်ဆိုရင် အတော်အောင်မြင်မှုရမှာပါ”ဟု တပ်မတော်မှ ဗိုလ်မှူးကြီး ဝဏ္ဏအောင်ကပြောသည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် ရှမ်းပြည်နယ်တွင် ဖွဲ့စည်းခဲ့သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့် ကြည့်ရေးကော်မတီ – ရှမ်းပြည်နယ်(JMC-S)၌ တပ်မတော်၊လက်နက်ကိုင်အဖွဲ့၊ရပ်မိ ရပ်ဖ၊စသည်တို့ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

အဆိုပါ JMC-S သည် နှစ်ဖက် အပြန်အလှန် ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်သ လို NCA စာချုပ်ပါ အချက်များကို လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဖက် စစ်ဘက်ဆိုင်ရာ လိုက်နာရမည့် လုပ်ငန်းလမ်းညွန်မှု ကျင့်ဝတ်များကိုလည်း ထုတ်ပြန်ထား၍ လိုက်နာဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

“NCA ထိုးပြီး နောက်ပိုင်း ဖြစ်တဲ့ တိုက်ပွဲများအကြောင်းကို ဆွေးနွေးဖြစ်တယ်။ဒါမျိုး နောက်ထပ် မဖြစ်အောင် နှစ်ဖက် တွေ့ဆုံဆွေးနွေးပြိးတော့ အဖြေရှာနိုင်အောင် JMC-S ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ဒါက ကောင်းမွန်တဲ့ အချက်လို့မြင်ပါတယ်”ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ဗိုလ်မှူးစိုင်းဦးကပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ – ရှမ်းပြည်နယ် (JMC-S)တွင် တပ်မတော် ဘက်မှ ၃ ဦး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ၃ ဦး၊ပြည်နယ်ရဲမင်းကြီး၊ ပြည်နယ် အုပ် ချုပ်ရေးမှူး၊ရပ်မိ ရပ်ဖများ စသည့် အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်ကြောင်း သိရသည်။

ယင်းနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ- ရှမ်းပြည်နယ်(JMC-S) ၏ အစည်းအဝေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အလှျောက် ဇန်နဝါရီ ၂၉ ရက်တွင် ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မြို့ဝင်ကြေးကောက်ခံခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုမှုရှိ

မွန်ပြည်နယ်အတွင်း (၁၀) မြို့နယ်စလုံးတွင် ဒေသဖွံ့ဖြိုးရေးဆိုသည့် မော်တော်ယာဉ်များအပေါ် မြို့ဝင်ကြေးကောက်ခံနေခြင်းသည် စားဝတ်နေရေး မပြေလည်သည့် ပြည်သူလူထု၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။ Related

Leave a Reply

%d bloggers like this: