မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မေးမြန်းချက် / မှိုသဖွယ် ‘စားသောက်ဆိုင်နှင့် အရက်ဘီယာဆိုင်များ’ ၏ စီးပွားရေး (၁)

မှိုသဖွယ် ‘စားသောက်ဆိုင်နှင့် အရက်ဘီယာဆိုင်များ’ ၏ စီးပွားရေး (၁)

ရေးသားသူ: >

ပန်းကမ္ဘာ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်စန်းနှင့် တွေ့ဆုံမေးမြန်ခြင်း။
Liquorမွန်ပြည်နယ်တွင် စားသောက်ဆိုင်နှင့် ဘီယာဆိုင်များ အလွန်ပေါများကာ လူငယ်များ ညနေပိုင်း ဘော်လုံးပွဲ ကြည့်သည့်အခါ ဘီယာသောက်ခြင်း၊ အရက်များသောက်ခြင်းသည် ပုံမှန်အလေ့အကျင့်တခု ဖြစ်လာသည်။ အရက်ဆိုင်များ ဘီယာဆိုင်များသည် တရားဝင်မှတ်ပုံတင်ထားသည်များ ရှိသကဲ့သို့ မှတ်ပုံမတင်ထားသည်

များလည်း ရှိပေသည်။ ထိုသို့ မှိုသဖွယ် ‘စားသောက်ဆိုင်နှင့် အရက်ဘီယာဆိုင်များ’ သည် မွန်ပြည်နယ်စီးပွားရေး တိုးတက်စေမည်လော သို့ တည်းမဟုတ် လူတို့ ၏ မတရားသုံးဖြုန်းမှုများ ဖြစ်ပေါ်စေမည်လော သိရှိရန် ‘မင်းပိုင်’ မှ တရားဝင်စားသောက်ဆိုင် ဖွင့်လှစ်ထားသူတဦးနှင့် တွေ ့ ဆုံမေးမြန်းခဲ့ပေသည်။

မင်းပိုင်
မေး – အမတို့စားသောက်ဆိုင်မှာ ဘယ်လိုအရက်မျိုးကို တင်ရောင်ထားတာရှိလဲ။
ဖြေ – အစ်မတို့ဆိုင်မှာက ဘီအီးလည်းရှိတယ်၊ နာနတ်ဝိုင်လည်းရှိတယ်။ ဂရန်ရွိုင်ယယ်လည်း ရှိတယ်။ ဘီယာ လည်း ရှိတာပေါ့။ အဲဒီအထဲမှာမှ ဘီယာက သောက်တဲ့သူအများဆုံးပဲ။
မေး – ဆိုင်မှာ လာရောက်သောက်သုံးသူ အခြေအနေ မည်မျှရှိသည်ကိုလဲ ပြောပြပေးပါလား
ဖြေ – ဒီမော်လမြိုင်မှာ အစ်မတို့ဆိုင်ဖွင့်ထားတာ အနှစ် (၂၀) လောက် ရှိနေပါပြီ။ နေ့တိုင်းမနက် (၇) နာရီမှာ စဖွင့်ပြီးတော့ ည (၉) နာရီဆို ဆိုင်ပိတ်ပြီ။ အစ်မဆိုင်မှာတော့ အားလုံးထိုင်ခုံ (၅) လုံးနဲ့ (၁၀) ဝိုင်းကို ခင်း ပေးထားတယ်။ တစ်နေ့ကို Customer တွေ အယောက် (၅၀) လောက်ရှိမယ်။ အဲဒါ ပုံမှန် လာသောက် တာပေါ့။ တစ်ခါတလေကျတော့လည်း များတာပေါ့နော်။ များရင်လည်း (၁၀) ယောက်လောက်ပဲ ထပ်ပိုလာ တာပေါ့။
မေး – လာရောက်သောက်သုံးသူတွေထဲမှာ ဘယ်အသက်အရွယ်ပိုင်းက အများဆုံးဖြစ်ပါသလဲ
ဖြေ – အသက်အရွယ်ပိုင်းအရတော့ အစ်မတို့ဆိုင်မှာက လူငယ်ပိုင်းက လာတာ နည်းနည်း ပိုများပါတယ်။ လူကြီးပိုင်း၊ လူလတ်ပိုင်ကတော့ နည်းပါတယ်။ အဲဒီလူငယ်ပိုင်းကလည်း အများအားဖြင့် အသက် (၃၀) ကနေ (၃၃) အရွယ်ရှိတဲ့ သူတွေပါ။ ကျွန်မတို့ဆိုင်က တက္ကသိုလ်နဲ့ နည်းနည်းဝေးနေတယ် ဆိုတော့ ကျောင်းသားတွေက ဒီဘက်ကို သိပ်မလာကြဘူး။
မေး – ဒါနဲ့ အရက်၊ ဘီယာသောက်သုံးတဲ့ပြည်သူတွေ ဘယ်လောက်ရှိနိုင်သလဲဆိုတာကို ပြောပြပေးလို့ရမလား
ဖြေ – အစ်မတို့ဖွင့်ထားတဲ့ ဒီစားသောက်ဆိုင်လို ပုံစံမျိုးပေါ့။ ရပ်ကွက်မှာ အများကြီးရှိပါတယ်။ အရက်၊ ဘီယာ သောက်သုံးသူ ဘယ်လောက်ရှိမလဲ အဲဒီလိုပြောရမယ်ဆိုရင် တစ်နေ့ကို တစ်ဆိုင်မှာ လူ (၅၀) လောက်နဲ့ပဲ တွက်ကြည့်၊ အမျာကြီးဖြစ်လာမှာပေါ့။ နောက် ဒီမော်လမြိုင်မြို့ပေါ်မှာပေါ့နော် ကျွန်မတို့ဆိုင်ထက် ကြီးတဲ့ ဆိုင်တွေ ဖွင့်ထားတာ အများကြီးရှိသလို၊ နောက် စတိုးဆိုင်လိုပုံစံမျိုး၊ အရက်သက်သက်ကိုပဲ တင်ပြီး ရောင်း တဲ့ဆိုင်မျိုး အဲဒီလိုဆိုင်တွေ အများကြီးရှိနေပါသေးတယ်။
မေး – အစ်မတို့ဆိုင်က နိုင်ငံတော်ကို အခွန်ငွေ ဘယ်လောက်ပေးသွင်းရတာလဲ
ဖြေ – အခွန်မှာကျတော့ လိုင်စင်ပေါ့၊ ကျွန်မတို့က လိုင်စင်ကို CS 2 ကိုပဲ ယူထားတယ်။ တစ်သိန်းခွဲပေါ့။ တစ်နှစ် တစ်ခါသွင်းရတယ် အဲဒါ၊ နောက် ဟို အမြဲတမ်းအခွန်မှာကျတော့ တစ်သိန်းရှိတယ် တစ်နှစ်တစ်ခါ။ နောက်ပြီး ဘာကြေး ညာကြေး ဟိုနည်းနည်း ဒီနည်းနည်းလည်း ပေးရတာရှိတယ်။ အဲဒီလိုင်စင်ကြေးက ဘဏ်မှာ သွင်းရတယ်။ (မယက) မှာ ဖောင်ဖြည့်၊ ဓါတ်ပုံရိုက်ပြီးတော့ အဲဒီကနေတဆင့် အစိုးရဘဏ်မှာ တိုက်ရိုက် ဆိုင်ရှင်တွေ သွားသွင်းပေးရတယ်။ အရင်ကဆို မယကရုံးမှာပဲ သွင်းရတယ်။ အစ်မတို့ဆိုင်က ဒီ (၂၀၁၅) အတွက် သွင်းပြီးသွားပြီ။
မေး – နောက်ဆုံး အစ်မအနေနဲ့ ဘာကိုဖြည့်စွက်ပြီး ပြောချင်တာရှိပါသလဲ
ဖြေ – တစ်ခုပဲ ပြောချင်ပါတယ်။ အစ်မတို့ဆိုင်ရဲ့ အနီးအနာမှာတော့ လိုင်စင်မယူပဲ ရောင်းနေတာအများကြီးရှိ ပါတယ်။ လိုင်စင်မရှိဘူးဆိုရင် နယ်ထိန်းကို ပေးရတာရှိတယ်။ အဲဒီလိုမျိုးမှာကျတော့ သူတို့လည်း မကြီးကြပ် နိုင်ဘူး၊ ဆိုလိုချင်တာက လိုင်စင်ကြေး သွင်းထားတဲ့လူတွေအတွက်ဆို ပိုပြီးတော့ နစ်နာတာပေါ့။ ဒါကို ဖြေရှင်း ပေးစေချင်တယ်။ ပွဲတော်အချိန်ဆိုရင် ဥပမာ တန်ဆောင်တိုင် ပွဲတော်လိုမျိုး၊ နှစ်သစ်ကူးပွဲတော်လိုမျိုး၊ ကျိုက်တမော့ပွဲတော်လိုမျိုး၊ သင်္ကြန်လိုမျိုး၊ ဘုရားပွဲတော်လိုမျိုး ဆိုရင် ည (၁၀) နာရီထိ ရောင်းရတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

တိုင်းရင်းသားလက်နက်ကိုင်အရေးသုတေသီ ဦးမောင်မောင်စိုးအား တွေ့ဆုံမေးမြန်းချက်

KIA/KIO နှင့် WNO တို့ UNFC က နှုတ်ထွက်စာတင်လာသည့်အတွက် UNFC အားနည်းလာပြီး KNPP နှင့် NMSP နိုင်ငံရေး အကြပ်အတည်းဖြင့် ရင်ဆိုင်နေကြရသည်။အလားတူ …

Leave a Reply

%d bloggers like this: