မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မော်လမြိုင်မြို့တွင် ဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား

မော်လမြိုင်မြို့တွင် ဓါတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား

ရေးသားသူ: >
ပြည်နယ်ဆက်သွယ်ရေးရုံးဘေရှိ မနီလာ ဓါတ်ဆီဆိုင် မီးလောင်နေမှု ( ဓါတ်ပုံ မော်လမြိုင် FB)
ပြည်နယ်ဆက်သွယ်ရေးရုံးဘေရှိ မနီလာ ဓါတ်ဆီဆိုင် မီးလောင်နေမှု ( ဓါတ်ပုံ မော်လမြိုင် FB)
ခတ္တာနန်း – ယနေ့ နေ့လည်အချိန် (၁) နာရီခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်ရဝတီပန်းခြံအနီး ပြည်နယ်ဆက်သွယ်ရေး ရုံဘေးရှိ “မနီလာ” ဓါတ်ဆီဆိုင်တွင် မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနေရာတွင် ရောက်ရှိနေသည့် မျက်မြင် ကိုကြည်ဇော်လွင်က “ အစိုးရုံးနဲ့ ကပ်ရက်ဖြစ်နေတော့ လမ်းတွေအားလုံးကို ပိတ်ထားတယ်၊ ဆက်သွယ်ရေးရုံးဘေးက နီလာဆီဆိုင်ကနေ မီးစလောင်တာပါ၊ အိမ်ရဲ့ အတွင်းပိုင်းကနေ စလောင်တာ” ဟု ပြောသည်။

အဓိက မည်သည့်အကြောင်းကြောင့် မီးလောင်ကျွမ်းမှုဖြစ်ရသည့် အကြောင်းအရင်းနှင့် ဆုံးရှုံးမှု ပမာဏ မည်မျှဖြစ်မည်ကို အတိအကျ အတည်မပြုနိုင်သေးကြောင်း မော်လမြိုင်မြို့ မီးသတ်ဦးစီဌာနမှ ပြောကြားခဲ့ကြောင်း သူက ဆက်ပြောပြသည်။

မီးလောင်မှုတွင် (၁) ဦး ထိခိုက်ဒဏ်ရာရှိပြီး အခြေအနေ ဆိုးဆိုးဝါးဝါး မရှိကြောင်း ဆုံးရှုံးမှုပမာဏအနေဖြင့် ဓါတ်ဆီသိုလှောင်ရုံတွင် ဓါတ်ဆီသိုလှောင်ထားသည့် ပမာဏအတိုင်း ဆုံးရှုံးမည်ဖြစ်ကြောင်း အရေးပေါ် အခမဲ့ အကူအညီပေးရေးဌာနမှ ကိုအောင်ထူးက ပြောသည်။

ထိုမီးလောင်ကျွမ်းမှုသည် အချိန်နာရီဝက်ခန့် ကြာမြင့်ပြီး မော်လမြိုင်မီးသတ်ဌာနမှ မီးသတ်ကား (၈) စီးခန့်ဖြင့် အချိန်မှီ မီးငြိမ်းနိုင်ခဲ့ကြောင်း ထိုမီးလောင်ကျွမ်းမှု နေရာကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်မြင့် နှင့် အစိုးရအဖွဲ့ဝင်များ လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

AEC ရှေ့ပြေး ထိုင်းဝက်တွေဝင်လာပြီ

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်မှတဆင့် မွန်ပြည်နယ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ပြီး မော်တော်ကားများဖြင့် တရားမဝင် တင်သွင်းလာသော ထိုင်းဝက်များကို တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးမှုများ Related

Leave a Reply

%d bloggers like this: