မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ကချင်ဒုက္ခသည်များအတွက် သံဖြူဇရပ်မြို့ဟိတကာရီဖောင်ဒေးရှင်းလှူဒါန်း

ကချင်ဒုက္ခသည်များအတွက် သံဖြူဇရပ်မြို့ဟိတကာရီဖောင်ဒေးရှင်းလှူဒါန်း

ရေးသားသူ:

အေမီအောင် – ကချင်ပြည်နယ်စစ်ဘေးဒုက္ခသည်များအတွက် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အခြေစိုက် ဟိတကာရီဖောင်ဒေးရှင်းက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငွေကျပ်သိန်း ၅၀ ကို လှူဒါန်းပေးအပ်ခဲ့သည်။

This slideshow requires JavaScript.

တေးရေးဆရာကိုရဲလွင်(မဇ္ဇျိမလှိုုင်း) ဦးဆောင်သော အဖြူရောင်တွဲလက်များအဖွဲ့ထံ ယင်းအလှူငွေများကို စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့၌ တဆင့်လှူဒါန်းပေးအပ်ခဲ့သည်ဟုလည်း ဟိတကာရီဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးငွေမိုးက ပြောသည်။

ဦးငွေမိုးက “ကျနော်တို့ တိုင်းရင်းသား ညီအကိုမောင်နှမတွေ နှစ်ရှည်လများ စစ်ဘေးစစ်ဒဏ်၊ အငတ်ဘေးတွေ ရင်ဆိုင်နေရတာ၊ ဒုက္ခဖြစ်နေရတာ၊ ကျနော်တို့တတ်နိုင်ဘက်က ကူညီတာပါ”ဟု ပြောသည်။

သံဖြူဇရပ်မြို့၊ ဇီဝိတဒါန ဆရာတော် အရှင်ဓမ္မပီယဦစီးသော ဟိတကာရီဖောင်ဒေးရှင်းသည် ကပ်ဘေးသင့်ခြင်းနှင့် ကျန်းမာရေးကိစ္စဖြင့်ဒုက္ခရောက်ခံစားနေရသူများအတွက် ရည်ရွယ်ထူထောင်ထားခြင်း ဖြစ်ကြောင်း ဥက္ကဌ ဒေါက်တာနေလင်းထက်က ပြောသည်။

ဒေါက်တာနေလင်းထက်က “ပြည်တွင်းစစ်ငြိမ်းချမ်းအောင် ကျနော်တို့လုပ်မပေးနိုင်ဘူးလေ။ ဒါပေမယ့် ကျနော်တို့တတ်နိုင်တဲ့ဘက်ကနေပြီး ထောက်ပံ့ရတာဖြစ်တယ်”ဟုပြောသည်။

ရန်ကုန်မြို့မှ တေးရေးဆရာ ကိုရဲလွင် ဦးဆောင်သည့် အဖြူရောင်တွဲလက်များအဖွဲ့ ဖျော်ဖြေရေးသမား (၁၇) ဦးခန့်သည် စက်တင်ဘာ (၁၆)ရက်နေ့မှစ၍ မော်လမြိုင် ၊ပေါင်၊ ကျိုက်မရောနှင့် သံဖြူဇရပ်မြို့များတွင် ငြိမ်းချမ်းရေးတေးသီချင်းများ (၃) ရက်ကြာ သီဆိုကာလှည့်လည် ဖျော်ဖြေခဲ့ကြသည်။

ယင်းအဖြူရောင်တွဲလက်များအဖွဲ့သည် ထိုမြို့ပေါ်ရှိ လူစည်ကားရာ လမ်းဆုံ လမ်းခွ၊ လက်ဖက်ရည်ဆိုင်နှင့် အခြား နေရာ များ၌ ငြိမ်းချမ်ရေး ဆုတောင်းများ၊တေးသီချင်းများ သီဆိုခြင်း၊ ဂီတဖျော်ဖြေခြင်း ၊ကဗျာ ရွတ်ဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ Strandဟိုတယ်တွင်လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့အခမ်းအနားကို ကျင်းပခဲ့ရာ လူဦးရေ ၃၀ဝ ခန့်တက်ရောက်ခဲ့ကြသည်ဟု ယင်းအခမ်းအနားဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: