spot_img
Friday, April 26, 2024
More
    spot_img
    Homeသတင်းကြံ့ဖွံ့ပါတီကို မဲထည့်ပေးသူစာရင်းကို လိုက်လံကောက်

    ကြံ့ဖွံ့ပါတီကို မဲထည့်ပေးသူစာရင်းကို လိုက်လံကောက်

    -

    ဟောင်ဒိန်း – ကြံ့ဖွံ့ပါတီမှ ပြည်နယ်လွှတ်တော်တွင် ဝင်ရောက်အရွေးခံမည့် သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်သည် ၄င်းတို့ပါတီအား မဲထည့်မည့်လူဦးရေ စာရင်းကို လိုက်လံကောက်ခံရန် ညွန်ကြားထားသည်။

    မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်နယ်လွှတ်တော် ၁ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်အုန်းမြင့်သည် “တအိမ်မှာ ကြံ့ဖွံ့ပါတီကို ဘယ်နှစ်ယောက် မဲပေးလဲ” ဆိုသည့် ၁၈ နှစ်အထက် မဲပေးနိုင်သူစာရင်း ကောက်ခံရန် ညွန်ကြားထားသည်ဟု ကြံ့ဖွံ့ပါတီဝင်တစ်ဦးက ပြောသည်။

    “စာရင်းတော်တော်လေ ရထားတယ်၊ လူဦးရေ ၁ သိန်းမှာဆို ၅ သောင်းလောက်ရထားပြီးပြီး” ဟု မုဒုံကြံ့ဖွံ့ပါတီဝင်တစ်ဦးက ပြောသည်။ မော်လမြိုင်နှင့် သံဖြူဇရပ်မြို့တွင်း ကြံ့ဖွံ့ပါတီဝင်အား မဲထည့်မည့်စာရင်းကို ကောက်ယူပြီး ဖြစ်သည်။

    မုဒုံမြို့နယ်ရှိ တာပသွန်ကျေးရွာ၊ နိုင်ပြိုင်ကျေးရွာ၊ ကော့ခပုံ၊ ကွေ့ဝမ်း၊ ကမာဝက်၊ ကလော့သော့၊ ဒိုးမားနှင့် ကွမ်လှာကျေးရွာတို့တွင် ၄င်းတို့ပါတီ မဲထည့်မည့်စာရင်း ကောက်ယူခဲ့ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာတွင်လည်း ဆက်လက်ကောက်ခံနေဆဲဟု သိရပါသည်

    တာပသွန်ကျေးရွာတွင် ၄င်းစာရင်းသာမက ကြံ့ဖွံ့ပါတီသို့ မဲထည့်မည့်လက်မှတ်လည်း ထိုးပေးရသည်ဟု တာပသွန်ရွာသားတစ်ဦးက ပြောသည်။ သို့သော် “သူတို့ ဘယ်လိုပဲကောက်ကောက်၊ ထည့်ချင်တာပဲ ထည့်မယ်” ၄င်းရွာသားက ပြောသည်။ ကြံ့ဖွံ့ပါတီမှ မည်သို့စည်းရုံးနေသော်ငြားလည်း ပြည်သူများက ယုံကြည်မှုနည်းသည်။

    ကြံ့ဖွံ့ခေါင်းဆောင်တို့သည်လည်း မွန်ဖြစ်ကြောင်း၊ ၄င်းတို့ပါတီအနိုင်ရပါက မွန်ပြည်သူအကျိုးအတွက် ဆောင်ရွက်ပေးမည့်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်ဟု တာပသွန်ရွာသားက ပြောသည်။

    မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကြံ့ဖွံ့ပါတီမှ အမတ်လောင်း ၄၅ ဦးတွင် မွန်လူမျိုး ၄ ဦးပါဝင်သည်။ ၄င်းတို့မှာ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် (သတ္တုတွင်းဝန်ကြီး၊ ဗိုလ်မှူးချုပ် (ငြိမ်း))၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကြည်ထွန်း (စစ်သံမှူး ဗိုလ်မှူးကြီး – ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြသိန်းနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာလှသိန်း တို့ဖြစ်ကြသည်။

    ကြံ့ဖွံ့ပါတီသည် ပြည်သူ့အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်မည်၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောက်ရွက်မည်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားမည်၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည်၊ စာပေယဉ်ကျေးမှုကို ထိန်သိမ်းမည်၊ ရေ မီးရရှိရေး ကြိုးပမ်းပေးမည်၊ တိုင်းတစ်ပါး လက်ကိုင်တုတ် မဖြစ်စေရ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts