spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာဟုဆို

    စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာဟုဆို

    -

    စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုတိုက်ခိုက်မှု ယခုနှစ်ကုန်ပိုင်းအတွင်း သိသိသာသာပိုလုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲဖော်ဆောင်ရာတွင် အခက်အခဲရှိလာသည်ဟု တော်လှန်ရေးအင်အားစုတို့က ဆိုသည်။

    စစ်ကောင်စီတပ်တို့က အီနာဂါအဆင့်ရှိသည့် Drop ဗုံး စတင်အသုံးပြုလာရာမှ လက်ရှိတွင် drone ဗုံးနှင့် လက်လုပ်ဗုံးတို့ကိုပါ အသုံးပြုတိုက်ခိုက်လာသည်ဟု တောင်ပိုင်းလက်ရုံးအထူးတပ်ဖွဲ့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောသည်။

    စစ်ကောင်စီ၏ အထိုင်စခန်း၊ တပ်ရင်းနှင့် စစ်ကူစစ်ကြောင်းတို့တွင် ဒရုန်းအသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့်ရှိလာသည့်အပြင် လေကြောင်းရန်နှင့် လက်နက်ကြီးရန်တို့ကိုပါ သတိပြုနေရသဖြင့် တိုက်ပွဲဖော်ဆောင်ရေးတွင် အခက်အခဲရှိလာသည်ဟု ဆိုသည်။

    “သူတို့(စစ်တပ်) စစ်ကြောင်းတစ်ကြောင်းဆိုရင် ဒရုန်း ၄၀၊ ၅၀ လောက်ထိပါလာနိုင်တယ်။ ဒရုန်းတွေနဲ့ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာတဲ့အပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ အရင်ထက် ပိုပြီးတော့ အခက်အခဲ ဖြစ်တာပေါ့။ လေကြောင်းရန်၊ လက်နက်ကြီး ဒီဟာတွေကြားမှာ အကောင်အထည်ဖော်နေရတယ်။ အခုကတော့ ဒရုန်းပါ ပြန်ပါလာတဲ့အခါကျတော့ ကိုယ်တွေသုံးခဲ့တဲ့ နည်းပညာပုံစံအတိုင်း ပြန်လာတဲ့အခါကျတော့ ပိုပြီး သတိထားရတာပေါ့ တိုက်ပွဲမှာလည်း ပိုပြီး အခက်ခဲဖြစ်တယ်ပေါ့” ဟု ၎င်းက ပြောသည်။

    လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် အနန်းကွင်းဗျူဟာစခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က နေ့ညမပြတ် ဒရုန်းဖြင့် တန်ပြန်တိုက်ခိုက်လျှက်ရှိသည်။

    စစ်ကောင်စီ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ် ဇွန်လမှ စက်တင်ဘာလထိ ၄ လသာကာလအတွင်း ကလေးနှင့် အမျိုးသမီးများအပါအဝင် အရပ်သား ၃၈ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၇၀ အထိရှိခဲ့သည်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။

    SOF တပ်ဖွဲ့မှူးက “စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်တာတို့ လက်နက်ကြီးနဲ့တိုက်ခိုက်တာတို့ အခုဆို ဒရုန်းကြဲရင်လည်း ရန်သူတော်လှန်တပ်ဖွဲ့တွေမှ မဟုတ်ဘဲနဲ့ ကျေးရွာတွေဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အအုံတွေ လူနေအိမ်တွေကို သူတို့စိတ်ထဲထင်ရာကြဲတဲ့သဘောဆိုတော့ ပြည်သူတွေထိခိုက်တာ များတယ်” ဟု ဆိုသည်။

    စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး ဒရုန်းအသုံးပြုလာကြောင်း ဒရုန်းအစိတ်အပိုင်းများသည် တရုတ်ထုတ်များဖြစ်ပြီး စစ်မြေပြင်တွင် သုံးရန် ပြုပြင်ထားခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစုတို့က သုံးသပ်ထားသည်။

    ၂၀၂၄ နှစ်စတွင်ပင် စစ်ကောင်စီသည် တရုတ်စီးပွားရေးလုပ်ငန်းသုံး ဒရုန်း ထောင်ပေါင်းများစွာကို ဝယ်ယူပြီး ပြည်တွင်းထုတ် ခဲယမ်းများ တပ်ဆင်ရန် ပြုပြင်နေကြောင်း မြန်မာ့ငြိမ်ချမ်းရေးနှင့် လုံခြုံရေး သုတေသန အင်တီကျူ အစီရင်ခံစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks