spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNCA (၆) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို EAO (၈) ဖွဲ့တက်ရောက်

    NCA (၆) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို EAO (၈) ဖွဲ့တက်ရောက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၆)

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO များ (၈)ဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခြင်း (၆)နှစ်ပြည့်ဖြစ်ပြီး နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

    ၎င်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊   မွန်ပြည်သစ် ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲကြသည်။

    သို့ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့မှာ ယင်း NCA လက်မှတ်ရေးထိုးခြင်း (၆)နှစ်ပြည့် အထိမ်းအမှတ်သို့ တက်ရောက်ခြင်းမရှိပေ။

    နစကကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က” ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် NCA စာချုပ်ပါ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့  တွေ့ဆုံဆွေးနွေး ရေးအတွက်အမြဲတံခါး ဖွင့်လှစ်ထားရှိကြောင်း အတိအလင်း ကြေညာထားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရတာဝန်ကို ရယူထားချိန်ဖြစ်လို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသည့်အဆင့်မှအပ ကျန်သည့်အစိတ်အပိုင်းများ ဆောင်ရွက်၍ရနိုင်ကြောင်း ပြောကြားလိုပါတယ်” ဟု NCA (၆)နှစ်ပြည့် နှစ်ပတ်လည်နေ့ ဗီဒီယိုမက်ဆေ့ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

    NSPNC မှ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ DKBA မှ စောစတီး၊ KNU/KNLA-PC မှ ဒေါက်တာ နော်ကပေါ်ထူး၊ ALP မှ ဒေါ်စောမြရာဇာလင်း၊ ABSDF မှ ဦးမင်းဇော်၊ RCSS မှ စိုင်းကောင်းတို့က NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စကား ပြောကြားခဲ့ပြီး PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ NMSP မှ နိုင်အောင်မငေး၊ LDU မှ ကျာယာကုပ်တို့မှာ Online မှတစ်ဆင့် အထိမ်းအမှတ် အမှာစကား ပြောကြားခဲ့ဟည်ဟု သိရသည်။

    ထို့အပြင် ညှိနှိုင်းရေးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးခင်မောင်ရီနှင့်  ဦးခင်ရီ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့က NCA လက်မှတ်ရေးထိုးခြင်း   (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်စကား ပြောကြားခဲ့ပြီး လုပ်ငန်းကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) က Online မှတစ်ဆင့်  အထိမ်းအမှတ် စကားပြောကြားခဲ့သည်ဟု သိရသည်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP) စသည့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၈) ဖွဲ့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ  ၁၃ ရက်နေ့က မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ (၂) ဖွဲ့တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts