spot_img
Monday, December 23, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်သင်္ကြန်ကာလအတွင်း လင်းယုန်စီမံချက် ရပ်နားမည်မဟုတ်

    မွန်ပြည်နယ်သင်္ကြန်ကာလအတွင်း လင်းယုန်စီမံချက် ရပ်နားမည်မဟုတ်

    -

    မွန်သတင်းအေဂျင်စီ(မတ် ၂၇)

    မွန်ပြည်နယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေး ရက် ၁၀၀ လင်းယုန်စီမံချက်ကို သင်္ကြန်ကာလအတွင်း ရပ်နားမည်မဟုတ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

    “စီမံချက် ဒီအတိုင်းပဲ ဆက်သွားနေမှာပဲ၊ စည်းကမ်းရှိရှိနဲ့ နံပါတ်ပြားတပ်မယ်၊ ဦးထုတ်ဆောင်းမယ်၊ သင်္ကြန်လည်မယ် ဒါကပြဿနာမရှိဘူး၊ ကိုယ့်အရှိန်လေးနဲ့ ကိုယ့်ဟာကိုထိန်းနိုင်တဲ့အနေအထား ရှိဖို့လိုတယ်၊ မူးယစ်သောက်စားတဲ့ ပုံစံမျိုးနဲ့ကျတော့လည်း လက်ခံလို့မရဘူး၊ သူတို့အန္တရာယ်ဖြစ်တဲ့အပြင် ဒီအတိုင်းလမ်းလျှောက်လည်ပတ်သွားလာနေတဲ့သူအပေါ်မှာလည်း အန္တရာယ်ကသွားကျရောက်မယ်၊ ကိုယ်တစ်ဦးထဲဖြစ်သွားတာကစပြီး သူများအပေါ်မှာဖြစ်သွားတဲ့အနေအထားကို လက်ခံလို့မရပါ” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆိုသည်။

    စီမံချက်သက်တမ်း တစ်လခန့်ကျန်ရှိနေသေးသည့် လင်းယုန်စီမံချက်ကို ပြန်လည်သုံးသပ်၍ နောက်ထပ်စီမံချက်အသစ်တစ်ခု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ၎င်းက “အရက်သေစာ မူးယစ်သုံးစွဲပြီး မောင်းနေတဲ့လူတွေ၊ တခုခုသုံးစွဲပြီး မောင်းနေတဲ့လူတွေ ဒါတွေအားလုံးကို စီမံချက်ရဲ့နောက်ဆုံးလမှာ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားပါ့မယ်၊ သိမ်းဆည်းတဲ့အပိုင်းထိ ရောက်လာမယ်၊ With out ဖြစ်ရင် မော်တော်ယာဉ်အက်ဥပဒေနဲ့ အရေးယူခံသွားမယ့်အနေအထားထိ တရားစွဲဆိုတင်ပို့သွားမယ်” ဟု ဆိုသည်။

    ယခုအခါ စည်းကမ်းပျက်ယာဉ်များကို နေ့ပိုင်းတွင်ဖမ်းဆီးအရေးယူပြီး ညပိုင်းတွင် ပညာပေးအနေဖြင့် ဆောင်ရွက်နေသော်လည်း လာမည့်စီမံချက်နောက်ဆုံးကာလ၌ ညပိုင်းများတွင်လည်း ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည်။

    ထိုသို့ ဖမ်းဆီးအရေးယူမှုတွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ဦးထုပ်မဆောင်းပါက ငွေကျပ် ၃ သောင်း၊ ဦးထုပ်နှင့် နံပါတ်ပြား မပါရှိပါက ငွေကျပ် ၅ သောင်း ဒဏ်ငွေပေးဆောင်ရသည်ဟု ဖမ်းဆီးခံရသူများထံမှ သိရသည်။

    လင်းယုန်စီမံချက်စတင်ခဲ့သည့် ပထမတစ်လအတွင်း စည်းကမ်းပျက်ယာဉ်အမှုပေါင်း ၃၀၀၀ ကျော်အရေးယူခဲ့ကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

    မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၈ ဦးရှိသဖြင့် ၃ နှစ်အတွင်းအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။


    Photo- စည်းကမ်းပျက်မော်တော်ဆိုင်ကယ်နှင့် လင်းယုန်စီမံချက်
    (Mon State Police Office)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,400SubscribersSubscribe
    spot_img

    Latest posts