Homeသတင်း(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နှင့် ၈၈၈၈ နေ့ အထိမ်းအမှတ်အဖြစ် ရေးအခြေစိုက် ခမရ- ၅၉၁ ကိုဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နှင့် ၈၈၈၈ နေ့ အထိမ်းအမှတ်အဖြစ် ရေးအခြေစိုက် ခမရ- ၅၉၁ ကိုဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

-

ယနေ့တွင် ကျရောက်သည့်(၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နှင့် ၈၈၈၈ နေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ-၅၉၁ ဗဟိုကင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF )မှ ထုတ်ပြန်ထားသည်။

 ရေးမြို့နယ်အခြေစိုက် စကခ-၁၉ လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည့် ကျောင်းရွာရှိ ခမရ-၅၉၁ ဗဟိုကင်းကို ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့နှင့် ရှစ်လေးလုံးနေ့အကြိုအဖြစ်  ဗုံး ၂ လုံးကြဲချခဲ့သည်ဟု MSRFမှ ပြောရေးဆိုခွင့်ရှိသူ မိတလညာဏ်က ပြောသည်။

“ ဒီတိုက်ခိုက်မှုက ဝါခေါင်လပြည့်နေမှာကျရောက်တဲ့ မွန်တော်လှန်ရေးနေ့ ၇၈ ကြိမ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျွန်မတို့ ဒရုန်းနဲ့ စစ်ကောင်စီရဲ့တပ်မှာ ဗုံးကြဲခဲ့တာ။ ပြီးတော့ ၈၈ အရေးအခင်းနေ့ကလဲ မွန်‌တော်လှန်ရေးနေ့နဲ့ တူနေတော့ ဗုံးနှစ်လုံးကြဲခဲ့တာ” ဟု သူမက ဆိုသည်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုကို  “မွန်ပြည်၊ မွန်သိမ်း” ဟူသည့် ကြွေးကျော်သံနှင့်အတူ တိုက်ခိုက်ခဲ့သည်ဟုလည်း ဆက်ပြောသည်။

ထိုအပြင် တိုက်ခိုက်မှုအတွင်း ရန်သူ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းနှင့် ဒရုန်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် MSRF မှ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ဝါခေါင်လပြည့်နေ့သည် (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံ (၃၇) နှစ်မြောက် အထိမ်းအမှတ်နေ့လည်းဖြစ်သည်။

၈၈၈၈ အထိမ်းအမှတ်နေ့အဖြစ် ထီးသပိတ်လှုပ်ရှားမှု၊ စစ်ရေးလှုပ်ရှားများကို တော်လှန်ရေးအင်အားစုနယ်မြေ၊ ပြည်ပနိုင်ငံများအပြင် လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF) မှ ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်သူရဲကောင်း၊ ရဲဘော်အာဇာနည်များအား ဂုဏ်ပြုသောအားဖြင့် (၇၈) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို MSRF တပ်စခန်း လွတ်မြောက်နယ်မြေ တစ်နေရာတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရဲဘော်များအား ရာထူးတာဝန်များအပ်နှံခြင်း၊ လက်နက်တပ်ဆင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအစီစဉ်များကိုလည်း ထည့်သွင်းပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts