Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေးမြို့ပေါ် စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို အရေးယူသွားမည်

    ရေးမြို့ပေါ် စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို အရေးယူသွားမည်

    -

    မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ပေါ်တွင် စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ဥပဒေနှင့် အညီ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမည်ဟု မွန်မြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

    စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးချင်တင်၏ ရေးမြို့ အဓိကလမ်းမကြီးတလျောက် စည်းကမ်းမဲ့ ရပ်နားနေကြသည့် မော်တော်ယာဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံး မည်ကဲ့သို့ဖြေရှင်းမည်နည်းဆိုသည့် မေးခွန်းအပေါ် ဝန်ကြီးက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး(MNA)
    ရေးမြို့လယ် အဓိကလမ်းမကြီးတလျောက်တွင် ၁၀ ဘီး၊ ၁၂ ဘီး ကုန်တင်ယာဉ်ကြီးများ လမ်းမကြီးဘေးနေရာအနှံ့ စည်းကမ်းမဲ့စွာရပ်နားပြီး ကုန်တင်ကုန်ချဆောင်ရွက်နေသလို ရေးမြို့နယ် ကျေးရွာအုပ်စု ၂၂ စုမှ ခရီးသည်တင်ယာဉ်များလည်း ကုန်တင်ယာဉ်ကြီးများကဲ့သို့ စည်းကမ်းမဲ့စွာ ရပ်နားနေကြသည်ဟု ဦးချစ်တင်က ပြောသည်။

    ၄င်းက “အများပြည်သူအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ယာဉ်အန္တရာယ်လည်းရှိနေတဲ့အတွက် သတ်မှတ်ဂိတ်နေရာမှာ စနစ်တကျရပ်နားစေလိုတယ်၊ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်စေလိုတယ်” ဟု ပြောသည်။

    မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီတွင် စာရင်းသွင်းမှတ်ပုံတင်ထားသော ခရီးသည်တင်ယာဉ်များကို အဝေးပြေးယာဉ်ရပ်နားစခန်းတွင်သာ ရပ်နား၊ ထွက်ခွာရန် အသိပေးအကြောင်းကြားထားသဖြင့် အဓိကလမ်းမကြီးတလျောက်တွင် ခရီးသည် တင်/ချခြင်းသာဆောင်ရွက်ပြီး အဝေးပြေးကားဝင်းအတွင်း၌ ရပ်နားလျက်ရှိသည်ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

    ထိုအတူ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် ကုန်တင်ယာဉ်များ ရပ်နားခွင့်မပြုထားသဖြင့် ကုန်တင်ယာဉ်များ ရပ်နားထွက်ခွာရန် မြို့နယ်အမျိုးသားယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့နဲ့ မြို့နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအဖွဲ့တို့မှ နေရာ ရှာဖွေသတ်မှတ်ပေးထားပြီး ရပ်နားစေခဲ့သည်။

    “စည်းကမ်းမဲ့ရပ်နားယာဉ်တွေကို ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူဆောင်ရွက်သွားမယ်” စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

    ရေးမြို့အတွင်း ယာဉ်ကြောရှင်းလင်းစေရန်နှင့် မြို့အဂါငံ်္ရပ်နှင့် ညီညွတ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေ ၂ ဒသမ ၃၅ ဧကပေါ်တွင် အဝေးပြေးယာဉ်ရပ်နားစခန်းကို ၂၀၁၆ ခုနှစ်က တည်ဆောက်ဖွင့်လှစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks