Tuesday, March 10, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်မြို့ဝင်ကြေးဘီးခွန်များကို ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြုမည်

    မွန်ပြည်နယ်မြို့ဝင်ကြေးဘီးခွန်များကို ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြုမည်

    -

    မွန်ပြည်နယ်အတွင်း ကောက်ခံရရှိသည့် မြို့ဝင်ကြေး ဘီးခွန်ခများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

    မြို့ဝင်ကြေး ဘီးခွန်များကို ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ ၁ ရက်နေ့မှ စတင်ကောက်ခံလျက်ရှိသည်။

    ပေါင်မြို့ဝင်ဘီးခွန်ကောက်သည့်နေရာ(Facebook)
    “မြို့ဝင်ကြေးက ကောက်ခံရရှိထားတဲ့ငွေတွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်၊ အဲဒီတော့ စည်ပင်သာယာအဖွဲ့က လုပ်ရမယ့် လုပ်ငန်းတွေလည်း အများကြီး ပိုလုပ်နိုင်တော့မယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

    မြို့ဝင်ကြေး ဘီးခွန်စတင်ကောက်ခံသည့် ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ထိ ငွေကျပ်သိန်းပေါင်း ၁၁၃၇ ဒသမ ၂၉၂ ကျပ် ကောက်ခံရရှိထားသည်ဟု ၄င်းက ဆက်ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ချောင်းဆုံမြို့တစ်မြို့နယ်သာ ပုဂ္ဂလိကသို့ လေလံပေးထားပြီး ကျန်သည့် ၉ မြို့နယ်ကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကောက်ခံလျက်ရှိသည်။

    “ကုမ္ပဏီကောက်တုန်းကလဲ မော်လမြိုင်နဲ့ သံဖြူဇရပ်ကို ၆၀ဝ ကျပ်ကုန်တယ်၊ အခု စည်ပင်ကောက်တော့လဲ ၆၀ဝ ပဲကုန်တယ်၊ ဘာမှမထူးဘူး” ဟု မော်လမြိုင်-သံဖြူဇရပ် လိုင်းကားဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

    မြို့ဝင်ကြေး ဘီးခွန်များကို ယာဉ်ကြီးတစ်စီးလျှင် ၅၀ဝ ကျပ်၊ ယာဉ်လတ်တစ်စီးလျှင် ၃၀ဝ ကျပ်နှင့် ယာဉ်ငယ်တစ်စီးလျှင် ၂၀ဝ ကျပ်နှုန်းဖြင့် သတ်မှတ်ထားပြီးဖြစ်ကြောင်း ဦးမြင့်အောင်က ဆက်ပြောသည်။

    မြို့ဝင်ကြေး ဘီးခွန်ကောက်ခံရာတွင် မော်တော်ယာဉ်တစ်မျိုးတည်းကိုသာ ကောက်ခံပြီး မော်တော်ဆိုင်ကယ်များအပေါ် ကောက်ခံခြင်းမရှိပေ။

    ၂၀၁၆ ခုနှစ်တွင် မွန်ပြည်နယ်မြို့ဝင်ကြေး အခွန်ငွေ ကျပ်သန်း ၄၂၄ ဒသမ ၇၀၇၉ ကျော်ရရှိခဲ့သည်ဟု ပြည်နယ်စည်ပင်သာယာရေးရုံးရှိစာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks