spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကမာဝက် မိုးစပါးများ ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရ

    ကမာဝက် မိုးစပါးများ ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရ

    -

    ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရသော စပါးခင်းများ(IMNA)
    ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရသော စပါးခင်းများ(IMNA)
    မွန်ပြည်နယ်၊ ကမာ၀က်မြို့တွင် ပတ်ဝန်းကျင်အနီးတဝိုက်ရှိ လယ်ခင်းများတွင် “ဖလံဖြူ” ဟုခေါ်သော စပါးဖျက်ပိုး တစ်မျိူးကြောင့် မိုးစပါးအများအပြား ပျက်စီးခဲ့သည်ဟု ကမာ၀က်မြို့မှ လယ်ပိုင်ရှင်ထံမှသိရသည်။

    အဆိုပါ စပါးဖျက်ပိုးကြောင့် စပါးများ ပျက်စီးခဲ့ရသည်ကို လယ်ပိုင်ရှင်များ စိုးရိမ်နေကြပြီး ထိုပိုးများကို ကာကွယ်ရန် နည်းလမ်းများ မသိရှိသေးကြောင်း လယ်သမားများက ပြောသည်။

    လယ်ပိုင်ရှင် ဦးဗလိုင်းက “လယ်မစိုက်ခင်ကတည်းက ဒီပိုးကိုကာကွယ်ဖို့ ကျွန်တော်တို့ ဘယ်က ဘာအကြံဉာဏ်မှ ယူလို့မရဘူး၊ အကြံဉာဏ်ကောင်းတွေ လိုချင်ပါတယ်၊ တစ်ချို့တွေက ပြောကြတာက ပိုတက်ဝဲ(ဒေသအခေါ် ဓာတ်မြေသြဇာတစ်မျိုး) ထည့်ဖို့ပြောတယ်၊ ပိုးတက်ဝဲထည့်တော့လည်း ဆက်ဖြစ်နေတာပဲ၊ ဒီနှစ်ကတော့ မနှစ်ကထက် ဖလမ်ဖြူပိုး ထိတာများတယ်၊ ဒီတော့ စပါးလည်း အထွက်လှျော့သွားမယ်” ဟု ပြောသည်။

    ကမာဝက် ဒေသစပါးစိုက်ခင်းများတွင် တစ်ဧကလျှင် စပါး ၅၀ မှ ၅၅ တင်းခန့် အထွက်နှုန်းရှိကြောင်း၊ ဖလံဖြူပိုးကြောင့် စပါးပျက်စီးမှုများသဖြင့် ယခင်နှစ်ထက် အထွက်ပိုမိုနည်းပါးနိင်ကြောင်း သူကဆိုသည်။

    လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ခင်သန်းဆွေကလည်း “ကျွန်မလယ်ကိုတော့ အရိုးဝဲသုံးတယ်၊ ပြီးတော့ ပုလဲဝဲကိုတော့ လှျော့သုံးတယ်၊ ဒါကြောင့် ဒီနှစ် ဖလံဖြူပိုး နည်းလာတယ်၊ အရိုးဝဲကိုတော့ ၁ ဧကကို တစ်အိတ်ခွဲထည့်တယ်၊ ပုလဲဝဲကိုတော့ ကျဲပက်ပြီးထည့်တယ်” ဟု ပြောသည်။

    ယခုအခါ စပါးများ ရိတ်သိမ်းရန် အလုပ်သမားခ တစ်နေ့လျှင် ၆၀၀၀ ကျပ်နှုန်း ငှာရမ်းနေရပြီး လက်ရှိစပါးတင်း ၁၀၀ ပေါက်စျေး ကျပ် ၆ သိန်းမှ ရ သိန်းအထိရှိနေကြောင်း ဒေါ်ခင်သန်းဆွေ က ဆက်ပြောသည်။

    ဖလံဖြူ ပိုးများသည် စပါးအပွင့်လှန်းချိန်မှ စတင်ကျရောက်ပြီး ထိုမှတစ်ဆင့် စပါးပင်များကို ကိုက်ဖျက်ရာ ရင့်မှည့်နေသော စပါးများလည်း ပျက်စီးတတ်ကြောင်း၊ ဖလံဖြူပိုးမှာ အစိမ်းရောင်ဖြစ်ပြီး စပါးပင်၏ ပင်စည်ထဲမှနေ၍ စပါးပင်များကို ကိုက်ဖျက််သည်ဟု ဆိုသည်။

    ကမာဝက်မြို့တွင်အနီးတဝိုက် မိုးစပါးစိုက်လယ်ယာမြေများအနက် ဧက ၂၅၀ ကျော် ဖလံဖြူစပါးဖျက်ပိုးဒဏ်ခံနေရသည်ဟု ဒေသခံများ ခန့်မှန်းနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts