Homeသတင်းခေါဇာမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှ လက်နက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိ

ခေါဇာမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှ လက်နက်နှင့် ခဲယမ်းများ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှထိန် ၏ နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေရာမှ ခြောက်လုံးပြူးသေနတ်တစ်လက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့သည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

Crime-(Internet)
Crime-(Internet)

ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းအချိန်တွင် ရေးမြို့ အခြေချ စကခ ၁၉ နှင့် ခေါဇာအခြေချ ခလရ ၃၁ တို့က ဝင်ရောက်ရှာဖွေခြင်း ဖြစ်ပြီး၊ ခြောက်လုံးပြူးသေနတ် တစ်လက်နဲ့ ကျည် ၁၉ တောင့်ကို သိမ်းဆည်းရမိသည်ဟု ရဲမှူးမြင့်သော် က ပြောသည်။

ရဲမှူးက “ခု ရေးရဲစခန်းအချုပ်မှာ ထိန်းသိမ်းစစ်ဆေးနေပါတယ်” ဟု ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာဒေသနှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် မြောက်ပိုင်းဒေသများသည် ဆက်ကြေးကောက်၊ ပြန်ပေးဆွဲသည့် တောတွင်းလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် လှုပ်ရှားရာဒေသ ဖြစ်ပြီး၊ ယခုလဆန်းပိုင်းတွင်လည်း ခြံရှင်များထံမှ ငွေကြေးကောက်ခံမှုများ ဖြစ်ပွားခဲ့သေးသည်။

လက်ရှိတွင် ထိုဒေသ၌ မွန်ချမ်း ဦးဆောင်သည့် အဖွဲ့က ဆက်လက်လှုပ်ရှားလျက် ရှိပြီး၊ ဦးလှထိန် ၏ ဖုန်း၌လည်း မွန်ချမ်းနှင့် အဆက်အသွယ်လုပ်ထားသည့် နံပါတ်များကို တွေ့ရှိခဲ့သည်ဟု ခေါဇာမြို့ အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရပ်ကွက် ၁ အုပ်ချုပ်ရေးမှူး ဦးလှထိန်အား ခေါဇာရဲစခန်းက ပြစ်မှုပုဒ်မ (ပ) ၂၈/၂၀၁၅ ၁၉ (စ) ဖြင့် အမှုဖွင့်ထားပြီး၊ ရေးမြို့မ ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

၁၉၉၅ ခုနှစ် မွန်ပြည်သစ်ပါတီ ပထမအကြိမ် အပစ်အခတ်ရပ်စဲပြီးနောက်တွင် ရေးမြို့နယ် တောင်ပိုင်းနှင့် ရေဖြူမြို့နယ် မြောက်ပိုင်းတွင် ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်သည့် မွန်လက်နက်ကိုင်အဖွဲ့ငယ်များ အသီးသီး ပေါ်ပေါက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts