Homeသတင်းတန်ဆောင်တိုင်ညတွင် ပျောက်ဆုံးခဲ့သော သံဖြူဇရပ်လူငယ်တစ်ဦးအား သေဆုံးလျက် ပြန်တွေ့ရှိ

တန်ဆောင်တိုင်ညတွင် ပျောက်ဆုံးခဲ့သော သံဖြူဇရပ်လူငယ်တစ်ဦးအား သေဆုံးလျက် ပြန်တွေ့ရှိ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ တန်ဆောင်တိုင်ပွဲတော်ညက ပျောက်ဆုံးခဲ့သော လူငယ်တစ်ဦးအား နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းက ဓားဒဏ်ရာဖြင့် သေဆုံးလျက် ပြန်တွေ့ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂၅ ရက် လပြည့်နေ့ညက အသက် ၂၀ နှစ်အရွယ်ရှိ လူငယ်မောင်ရဲမင်းထွန်းသည် သံဖြူဇရပ်မြို့၊ ကြာကန်ကွင်းတွင် မီးပုံပွဲသွားရန် အိမ်မှထွက်ခွာလာစဉ် သူငယ်ချင်းများနှင့် ချိန်းထားသည့် နေရာသို့ မရောက်ရှိဘဲ ပျောက်ဆုံးနေခဲ့ကြောင်း ၎င်း၏မိတ်ဆွေများက ဆိုသည်။

လက်ရှိတွင် သေဆုံးသူလူငယ်၏ သူငယ်ချင်းဟု ယူဆရသူ မိုးမင်းသူ (ခ) ပိုင်ဖြိုးသူအား သံဖြူဇရပ်ရဲစခန်းမှ စစ်ဆေးမေးမြန်းရာ ၎င်းက ရဲမင်းထွန်းမှ ပေးဆပ်ရမည့် ဖဲကြွေးအား မပေး၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုချက်ပေးထားကြောင်း ရင်းနှီးသူတစ်ဦးက ပြောသည်။

“ အဲကောင်လေးက သူ့ခေါင်းကို ရိုက်ထားတယ်။ ဓားနဲ့လည်းထိုးထားတယ်။ ဂုတ်ကိုလည်း ရိုက်ထားတယ်။ အဲကောင်လေးကပဲ ရဲမင်းထွန်းကို အဲမှာပဲသတ်လိုက်တဲ့ သဘောလို့ ယူဆရတယ်။" ဟု ဆိုသည်။

ရဲမင်းထွန်း၏ ရုပ်အလောင်းကို စက်သစ်ရပ်ကွက်၊ ရော်ဘာစိုက်ခင်းအနီး၊ ချုံတောစပ်နေရာတွင် ညာဘက်နံကြားမှာ ထိုးသွင်းဒဏ်ရာ (၁ ) ချက်ဖြင့် သေဆုံးနေသည့် အနေအထားဖြင့် တွေ့ရှိခဲ့သည်။

ကျူးလွန်သူ မိုးမင်းသူ (ခ) ပိုင်ဖြိုးသူ၏ ပြောဆိုချက်အရ ရဲမင်းထွန်းရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ အဲကောင်လေးကို ညတွင်းချင်းမေးတယ် အဲကောင်လေးက မဖြေဘူး။ မနက်ကျမှ သူ့ကို ရိုက်ပြီးမှ အဲကောင်လေးက ပြောပြတာ။ အခုသူ့အမေရော ကောင်လေးရော ကောင်လေးဆိုင်ကယ်‌ရော ရဲစခန်းမှာ ထိန်းထားတယ်။ ” ဟု မောင်ရဲမင်းထွန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

လက်ရှိတွင် မိုးမင်းသူ (ခ) ပိုင်ဖြိုးသူကို သံဖြူဇရပ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး ထိန်းသိမ်းထားသည်။

စစ်ကော်မရှင်ထိန်းသိမ်းထားသည့် နယ်မြေဒေသတွင် လူငယ်များ ပျောက်ဆုံးမှုနှင့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် သတ်ဖြတ်ကြံစည်မှုများဆက်တိုက်ဖြစ်နေပြီး အများဆုံးတို့ လူလတ်ပိုင်းနှင့် လူငယ်အရွယ်များ ဖြစ်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts