ထိုင်းနိုင်ငံတော်ဘဏ် (Bank of Thailand) သည် ထိုင်းဘုရင်မကြီး မိခင်တော် သီရိခေတ်(Queen Sirikit The Queen Mother) နှင့် မင်းသမီး ပက်ဂျာကီတီယာဘာ (Princess Bajrakitiyabha Narendiradebyavati) တို့၏ ဂုဏ်ကျေးဇူးကို ရည်စူး၍ ၁၀၀ ဘတ်တန် အထိမ်းအမှတ် ငွေစက္ကူအသစ် နှစ်မျိုးကို တော်ဝင်ခွင့်ပြုချက်ဖြင့် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
အထိမ်းအမှတ် ငွေစက္ကူများကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ပြီး စုစုပေါင်း ငွေစက္ကူသန်း ၂၀ ကို တစ်နိုင်ငံလုံးရှိ အဓိက ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် နိုင်ငံပိုင်ဘဏ်များတွင် မူလတန်ဖိုးအတိုင်း လဲလှယ်ရယူနိုင်မည် ဖြစ်သည်။
ပုံမှန်ငွေစက္ကူများနှင့် ခွဲခြားသိရှိနိုင်ရန်အတွက် ခရမ်းလွန်ရောင်ခြည် (UV) အောက်တွင် မူလငွေစက္ကူများနှင့် ကွဲပြားခြားနားသည့် သီးသန့်ပုံစံများနှင့် အရောင်များဖြင့် အလင်းတန်းများ ထွက်ပေါ်လာမည့် အဆင့်မြင့် လုံခြုံရေး အချက်အလက်များ ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။
ယခုကဲ့သို့ အထိမ်းအမှတ် ငွေစက္ကူများ ထုတ်ဝေရေးအပြင် အမှတ်တရ လက်ဆောင်စာအုပ်များကိုပါ ၁၀ ဘတ်နှုန်းဖြင့် တွဲဖက်ရောင်းချသွားမည်ဖြစ်ပြီး၊ ရရှိလာသည့် ငွေကြေးအားလုံးကို ဘုရင်မင်းမြတ်၏ တော်ဝင်ပရဟိတလုပ်ငန်းများအတွက် အပြည့်အဝ ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။



ပုံ-the Nation




