Homeသတင်းမုဒုံမြို့ အားကစားကွင်းတွင် ဘောလုံးသမားတစ်ဦး သတိမေ့လဲကျပြီး သေဆုံးမှုဖြစ်ပွား

မုဒုံမြို့ အားကစားကွင်းတွင် ဘောလုံးသမားတစ်ဦး သတိမေ့လဲကျပြီး သေဆုံးမှုဖြစ်ပွား

-

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးသမားတစ်ဦး သတိမေ့လဲကျရာမှ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်းအချိန်က မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် မြို့မ (၁) ဘောလုံးအသင်းနှင့် ကွမ်လှာ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထိုသို့ ယှဉ်ပြိုင်ကစားခဲ့ကြစဉ် ညနေ ၆ နာရီခန့်တွင် မြို့မ (၁) ဘောလုံးအသင်းမှ ကျောနံပါတ် (၂၁) ဆိုသူက လူစားလဲပြီး ကွင်းဘေး၌ နားနေချိန်တွင် သတိလစ် မေ့လဲကျသွားခြင်းဖြစ်သည်ဟု မုဒုံမြို့ခံတစ်ဦးက ပြောသည်။

“ချက်ချင်းဘဲ မြန်မာ့လူငယ် (Y.Rescue) နဲ့ မြို့နယ်ကြက်ခြေနီအသင်းတို့က ရှေးဦးသူနာပြုစုနည်းနဲ့ စနစ်တကျပြုစုပြီး မုဒုံဆေးရုံကို ပို့ဆောင်ခဲ့ပေးခဲ့ကြပေမယ့် ဆေးရုံ အရောက်မှာ သေဆုံးခဲ့တယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသည့် ဘောလုံးသမားသည် မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်းနှင့် ဆိုင်ကယ် Showroom ဖွင့်လှစ်ထားသူတစ်ဦးဖြစ်ကြောင်း ၎င်းမြို့ခံက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းကလည်း မီတာ ၄၀၀ အားကစားကွင်းတွင် မုဒုံမြို့နယ်အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ် မိုးကြိုးပစ်ပြီး Lion City (မော်လမြိုင်) အသင်းမှ ရှေတန်းကစားသမား သန်းတိုးအောင် (ခ) Sa Sa (ကျောနံပါတ် – ၉) သေဆုံးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

Previous article
Next article

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts