Homeသတင်းသောင်ရင်းမြစ်အတွင်း ‌တရုတ်လူမျိုး အလောင်းနှစ်လောင်းတွေ့မှု ထိုင်းအာဏာပိုင်စစ်ဆေး

သောင်ရင်းမြစ်အတွင်း ‌တရုတ်လူမျိုး အလောင်းနှစ်လောင်းတွေ့မှု ထိုင်းအာဏာပိုင်စစ်ဆေး

-

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ပရမြို့နယ်၊ သောင်ရင်းမြစ်အတွင်း တရုတ်လူမျိုး အလောင်းနှစ်လောင်းတွေ့မှု နှင့်ပတ်သတ်၍ ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွယ်မှုရှိမရှိ ထိုင်းအာဏာပိုင်များမှ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အောက်တိုဘာ ၆ ရက်နေ့က အသက် ၃၀ မှ ၃၅ နှစ်ဝန်းကျင် အရွယ်ရှိ တရုတ်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများကို ထိုင်းဒေသခံများက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသ

သေဆုံးသူနှစ်ဦးသည် အတွင်းခံအကျီနှင့် ဘောင်းဘီများသာ ဝတ်ဆင်ထားကြောင်း သိရပြီး ဒေသခံအာဏာပိုင်များက ၎င်းတို့သည် တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းမျိုး မဟုတ်ဘဲ မုဒိမ်းမှု သို့မဟုတ် ရိုက်နှက်နှိပ်စက်မှုကဲ့သို့သော အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ကနဦး မှတ်ချက်ချထားသည်။

အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ခွဲတမ်းများ မပြည့်မီခြင်း သို့မဟုတ် အမိန့်မနာခံဘဲ ထွက်ပြေးရန် ကြိုးပမ်းခြင်းတို့ကြောင့် အသတ်ခံရပြီး မြစ်အတွင်း စွန့်ပစ်ခံရခြင်း ဖြစ်နိုင်ကြောင်း အာဏာပိုင်က ပြောကြား သည်။

အဆိုပါ ရုပ်အလောင်းများ မျောပါလာသည့် နယ်မြေသည် မြဝတီမြို့တောင်ဘက်၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်တော် (DKBA) ၏ စိုးမိုးမှုအောက်တွင်ရှိသော ဆုံဆည်းမြိုင်အနီး တည်ဆောက်ဆဲ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း တည်ရှိရာနေရာ ဖြစ်သည်။

ထိုဒေသတွင် DKBA ခေါင်းဆောင်ပိုင်းတစ်ဦး၏ အကာအကွယ်ပေးမှုဖြင့် တရုတ်နှင့် နိုင်ငံခြားသား လိမ်လည်သူများအုပ်စု အဓိကလှုပ်ရှားနေပြီး၊ အဆောက်အအုံ ၆ လုံး ဆောက်လုပ်ပြီးစီးကာ လျှပ်စစ်မီးစက်ကြီးများဖြင့် လည်ပတ်နေကြောင်း သိရသည်။

ထို့အပြင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းအတွက် နောက်ထပ် အဆောက်အအုံ ၁၀ လုံးထက်မနည်း ထပ်မံတိုးချဲ့ရန်အတွက် အလုပ်သမားများကို အပြင်းအထန် စုဆောင်းနေပြီး အဆိုပါနေရာတွင် တရုတ်နိုင်ငံသားများသာမက အိန္ဒိယ, ပါကစ္စတန်, အာဖရိက, ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသားများကိုလည်း တွေ့ရှိနေရကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ရုပ်အလောင်းများ တွေ့ရှိမှုမှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများမှ ထွက်ပြေးရန် ကြိုးပမ်းသူ သို့မဟုတ် သတ်ဖြတ်ခံရသူများ၏ ရုပ်အလောင်းများကို မြစ်‌ရေတွင်း ကျောက်ခဲများဖြင့် ဖိ၍ စွန့်ပစ်လေ့ရှိရာ မိုးရာသီနှင့် ရေကြီးချိန်များတွင် ရေပြင်ပေါ်သို့ ပြန်လည်ပေါ်ပေါက်လာလေ့ရှိကြောင်း ဒေသခံရွာသားများက ပြောကြားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts