Homeသတင်းတိုက်လေယာဉ် ပထမဆုံးအကြိမ် မောင်းနှင်သည့် ထိုင်းမိဖုရားကြီးကို ဘုရင်မင်းမြတ် ဂုဏ်ပြု

တိုက်လေယာဉ် ပထမဆုံးအကြိမ် မောင်းနှင်သည့် ထိုင်းမိဖုရားကြီးကို ဘုရင်မင်းမြတ် ဂုဏ်ပြု

-

ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင် (Surat Thani)၊ အမှတ် (၇) လေတပ်စခန်း၌  အောက်တိုဘာ ၈ ရက်နေ့က  ပြုလုပ်သည့် မိဖုရားကြီး၏ Gripen တိုက်လေယာဉ် ပထမဆုံးအကြိမ် တစ်ဦးတည်း မောင်းနှင်ပျံသန်းမှုကို ထိုင်းဘုရင်မင်းမြတ်ကိုယ်တိုင် တက်ရောက်ကြည့်ရှု ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

မိဖုရားကြီးသည် တိုက်လေယာဉ်ကို ပြေးလမ်း Rwy22 သို့ မောင်းနှင်၍ အောင်မြင်စွာ တက်ရောက် ပျံသန်းစိုက်ကပ်နိုင်ခဲ့သည်။

ပျန်းသန်းမှုအပြီးတွင် ဘုရင်မင်းမြတ်က မိဖုရားကြီးအား ဂုဏ်ပြုပန်းစည်းနှင့်အတူ အဆိုပါ Gripen တိုက်လေယာဉ်ကို မောင်းနှင်ခဲ့ဖူးသူများအား ပေးအပ်သည့် ရွှေခြည်ထိုး ဂုဏ်ထူးဆောင် တံဆိပ်ဖြစ်သော “Gripen Order Golden Patch” ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

မိဖုရားကြီးသည် ၂၀၁၀ ပြည့်နှစ် မေလ ၁၃ ရက်နေ့တွင် T 41 D လေယာဉ်ဖြင့် စတင်ပျံသန်းခဲ့ဖူးပြီး ယခု Gripen တိုက်လေယာဉ်ကို တစ်ဦးတည်း မောင်းနှင်ခြင်း မပြုမီ JAS 39 D Gripen (နှစ်ယောက်စီး) လေယာဉ်ကို ၁၀ နာရီကျော် အပါအဝင် အခြားလေယာဉ်အမျိုးအစားမျိုးစုံဖြင့် စုစုပေါင်း ပျံသန်းချိန် ၁,၁၈၈ နာရီကျော် လေ့ကျင့်မောင်းနှင်ခဲ့ဖူးသည်။

ထို့အပြင် ဘူတန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်စဉ်ကလည်း ကမ္ဘာ့ဆင်းသက်ရအခက်ခဲဆုံး ပါရို (Paro) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘုရင်မင်းမြတ်နှင့်အတူ ဒုတိယလေယာဉ်မှူးအဖြစ် အောင်မြင်စွာ ပျံသန်းမောင်းနှင်ခဲ့သည်။

ယခုကဲ့သို့ မောင်းနှင်နိုင်ရန် မိဖုရားကြီးသည် အမှတ် (၇) လေတပ်စခန်းတွင် ဩဂုတ် ၂၀ မှ စက်တင်ဘာ ၄ ရက်အထိတစ်ကြိမ်၊ စက်တင်ဘာ ၂၅ မှ အောက်တိုဘာ ၈ ရက်အထိတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ကျွမ်းကျင်သူများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် လေယာဉ်မောင်း စိမုလတ္တာ (Simulator) သင်တန်းများကို စနစ်တကျ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား-The Nation

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts