Homeသတင်းစံခလပူရီတွင် လျှပ်စစ်ဓာတ်အား ၁၄ ဖွဲ့ဖြင့် အရေးပေါ် ပြန်လည်ပြင်ဆင်ပြီးနောက် လျှပ်စစ်မီးပြန်လည်ရရှိ

စံခလပူရီတွင် လျှပ်စစ်ဓာတ်အား ၁၄ ဖွဲ့ဖြင့် အရေးပေါ် ပြန်လည်ပြင်ဆင်ပြီးနောက် လျှပ်စစ်မီးပြန်လည်ရရှိ

-

ထိုင်းနိုင်ငံ၊ ထောင်ဖာဖွန် -စံခလပူရီ လမ်းမကြီးဘေးရှိ မိုးသက်လေပြင်းကြောင့် လဲပြိုကျနေသည့် ဓာတ်တိုင်များအား အရေးပေါ်ပြင်ဆင်ပြီးနောက် စက်တင်ဘာ ၃၀ ည ၉ နာရီတွင် လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်။

ထောင်ဖာဖွန် -စံခလပူရီ လမ်းမကြီး (လမ်းကြောင်း ၃၂၃) ဘေးရှိ သစ်ပင်များ မိုးသက်လေပြင်းကြောင့် လဲပြိုကာ ဓာတ်တိုင် ၁၅၀ ကျော် ကျိုးပဲ့သွားခဲ့သည့်အတွက် စံခလပူရီမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်ညမှစ၍ ၃ ရက်ဆက်တိုက် မီးပြတ်တောက်နေခဲ့သည်။

ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ပြည်နယ်လျှပ်စစ်ဓာတ်အားအဖွဲ့ (PEA) အဆင့်မြင့်တာဝန်ရှိသူများဖြစ်သည့် ဒုတိယလက်ထောက်အုပ်ချုပ်ရေးမှူး မစ္စတာ ဆုမ်ဆပ်(ခ်) နှင့် ညွှန်ကြားရေးမှူး မစ္စတာ ကမ်ဖွန် တို့သည် ကာဉ္စနပူရီခရိုင်အတွင်းရှိ ထောင်ဖာဖွန်နှင့် စံခလပူရီမြို့နယ်တို့၌ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေး ပြင်ဆင်နေမှုများကို ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဗဟိုဌာနချုပ်နှင့် အနီးနားခရိုင်များမှ စုစည်းထားသော နည်းပညာအဖွဲ့ ၁၄ ဖွဲ့ဖြင့် အရှိန်အဟုန်မြှင့် ပြင်ဆင်မှုလုပ်ဆောင်ခဲ့သည်။

မီးပြတ်တောက်မှုကြောင့် ထောင်ဖာဖွန်မြို့နယ် နေရာအချို့နှင့် စံခလပူရီမြို့နယ်တစ်ခုလုံး (ဝမ်က စည်ပင်သာယာနယ်မြေမှလွဲ၍) စက်တင်ဘာ ၂၇ ရက် ညသန်းခေါင်မှစ၍ မီးမရှိဘဲ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ဒေသခံများ အခက်အခဲတွေ့ရသည့်အပြင် ခရီးသွားလုပ်ငန်း၊ စီးပွားရေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဓာတ်ဆီဆိုင်များနှင့် အစိုးရရုံးများ၏ ဝန်ဆောင်မှုများပါ ထိခိုက်ခဲ့ရသည်။

ဖြစ်စဉ်ဖြစ်ပြီးသည်နှင့် PEA မန်နေဂျာများက ပျက်စီးမှုကို အမြန်စစ်ဆေးကာ ဘေးအန္တရာယ်မရှိစေရန် အန္တရာယ်ရှိသည့်နေရာများကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပြီး ပြန်လည်ပြင်ဆင်ခဲ့ကြသည်။

ယနေ့ညနေ ၄:၃၀ နာရီ သတင်းထောက်များ၏ လေ့လာတွေ့ရှိချက်အရ စံခလပူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု၊ အကွက် ၁ ရှိ “ရမ်တီတံတား” အထိ ပြင်ဆင်ပြီးစီးနေပြီဖြစ်ပြီး နောက်ထပ် ၂ နေရာသာ ပြင်ဆင်ရန် ကျန်တော့သည်။

ညွှန်ကြားရေးမှူး မစ္စတာ ကမ်ဖွန် က “ယနေ့ညအတွင်း စံခလပူရီမြို့နယ်ထဲ မီးပြန်လာ စေရမည်” ဟု စက်တင်ဘာ ၃၀ ရက်နေ့ ကွင်းဆင်းစစ်ဆေးမှု လုပ်ဆောင်စဥ်သတင်းထောက်များကို အတည်ပြုပြောကြားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts