Homeသတင်းရေးကြီးနေသည့် ဘန်ကောက်မြို့ လမ်းမကြီး ၃၁ လမ်းပေါ် သွားလာခြင်းမပြုရန် အာဏာပိုင်များသတိပေး

ရေးကြီးနေသည့် ဘန်ကောက်မြို့ လမ်းမကြီး ၃၁ လမ်းပေါ် သွားလာခြင်းမပြုရန် အာဏာပိုင်များသတိပေး

-

ဘန်ကောက်မြို့ နေရာအနှံ့တွင် မိုးအဆက်အဆက်မပြတ်ရွာသွန်းနေဆဲဖြစ်ပြီး ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပေါ်နေသဖြင့် လမ်းမကြီး ၃၁ လိုင်းကို ရှောင်ရှားမောင်းနှင်ကြရန် ဘန်ကောက်မြို့တော် အာဏာပိုင်များက  သတိပေးထုတ်ပြန်ထားသည်။

ဘန်ကောက်မြို့တော် စေတနာ့ဝန်ထမ်းနှင့် သဘာဝဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (BMA) က ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီ ၄၀ မိနစ်တွင် လမ်းမများရှိ ရေကြီးမှု စောင့်ကြည့်ရေး စင်ဆာစနစ်များမှ ရရှိသော အချက်အလက်များကို ထုတ်ပြန်ခဲ့ရာ ဘန်ကောက်မြို့၏ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် ဗဟိုပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

ရေကြီးရေလျှံမှုဖြစ်နေသည့်နေရာများသည် ရမ်အင်ထရာ (Ram Inthra)၊ ဖဟွန်ယိုသင်း (Phahon Yothin)၊ ရမ်ခမ်းဟဲင် (Ramkhamhaeng) လမ်းမများ အပါအဝင် မြို့တော်အတွင်းရှိ အဓိက လမ်းမကြီး စုစုပေါင်း ၃၁ လိုင်း ပါဝင်နေပြီး အချို့နေရာများတွင် ရေအနက် ၁၀ စင်တီမီတာမှ ၂၀ စင်တီမီတာကျော်အထိ မြင့်တက်နေသည်။

BMA အာဏာပိုင်များအနေဖြင့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်မောင်းသူများအား ရေကြီးနေသည့် အဆိုပါ လမ်းကြောင်းများကို တတ်နိုင်သမျှ ရှောင်ရှားကြရန်နှင့် ခရီးမထွက်မီ ယာဉ်ကြောပိတ်ဆို့မှုနှင့် ရေကြီးမှု အခြေအနေများကို ကြိုတင်စစ်ဆေးကြရန် အကြံပြုထားသည်။

ရေကြီး၊ ရေလျှံမှုအခြေအနေ ဆက်လက်ဆိုးလာပြီး ရေကျဆင်းမည့် အခြေအနေမရှိသေးသဖြင့် ထိုင်းနိုင်ငံ ခရိုင် ၅၀ စလုံးကို  အာဏာပိုင်းများက အရေးပေါ် အခြေအနေ ကြေညာထားကြောင်းလည်း သိရသည်။

ကိုးကား/ပုံ- The Nation

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts