Homeသတင်းသောင်ရင်းမြစ်ရေ အတက်အကျမြန်နေသဖြင့် ရေးဘေးသတိရှိရန် မိုးဇလသတိပေး

သောင်ရင်းမြစ်ရေ အတက်အကျမြန်နေသဖြင့် ရေးဘေးသတိရှိရန် မိုးဇလသတိပေး

-

သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ရှောင်ရှားရန် သြဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒမှ အသိပေးထုတ်ပြန်ထားသည်။

ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့က သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းလာသည့်အတွက် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေများ ကျဆင်းသွားသဖြင့် ရေဘေးသင့်ပြည်သူတစ်ချို့ နေအိမ်ပြန်ခဲ့ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်း သုံးခုကို ပိတ်သိမ်းခဲ့သည်။

ယနေ့ ဩဂုတ် ၂၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် တိုင်းတာချက်အရ  စိုးရိမ်ရေအမှတ်ထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် မြင့်တက်နိုင်သဖြင့် မြို့၏ စိုးရိမ်ရေအမှတ်ထက် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

မြို့၏ အနိမ့်ပိုင်းနေရာအချို့တွင် ရေပြန်လည် မကျဆင်းသေးသည့်အပြင် မြောင်းများအတွင်း မိုးရေနှင့် ချောင်းရေများ ပြန်လည်စိမ့်ဝင်နေသဖြင့် ချောင်းရေထပ်မံလျှံတက်လာပါက မြို့တွင်းသို့ ရေဝင်ရောက်မှု ပိုမိုမြန်ဆန်လာနိုင်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အနိမ့်ပိုင်းအချို့နေရာတွေမှာ အရင်ကတက်ခဲ့တဲ့ရေတောင် ကောင်းကောင်းမဆင်းသေးရသေးဘူး။ အခုမြောင်းကနေ မိုးရေရော ချောင်းရေတွေရော ပြန်စိမ့်ဝင်နေတာပါ ဒီတခါချောင်းရေလျှံရင် မြို့ထဲရေဝင်မြန်လိမ့်မယ် ဒီနေ့ အမှတ် ၁ အထကခွဲကျောင်းတောင် ကလေးတွေကို အိမ်ပြန်လွှတ်ပေးလိုက်ပြီး ပြန်ပြင်ဆင်ထားရမဲ့ပုံဖြစ်နေတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အမှတ် (၁) အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ရေအတက်အကျ အခြေအနေ မတည်ငြိမ်သေးသဖြင့် ယနေ့သြဂုတ် ၂၄ ရက်နေ့တွင် နေအိမ်များသို့ ပြန်လွှတ်ပေးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေသည် အမှတ် ၁၁၆၄ အထိ မြင့်တက်ခဲ့ပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် အမှတ်(၄) ရပ်ကွက်၊ တောရဘုန်းကြီးကျောင်း၊ ကြခတ်တောဘုန်းကြီးတော်ကျောင်းနှင့် အမှတ်(၅) ရပ်ကွက် ကိုးနဝင်းကျောင်းတို့တွင် ရေဘေးသင့်ပြည်သူ ၁၆၀၀ ကျော် ဆက်လက်ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့နယ် ၁၀ ခုထက်မနည်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts