Homeသတင်းမော်လမြိုင် ဆိုင်ကယ် Taxi သမား အသတ်ခံရမှုတွင် ကျူးလွန်သူများဟု ယူဆရသူ ၃ ဦး ဖမ်းဆီးရမိ

မော်လမြိုင် ဆိုင်ကယ် Taxi သမား အသတ်ခံရမှုတွင် ကျူးလွန်သူများဟု ယူဆရသူ ၃ ဦး ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဆိုင်ကယ် Taxi သမား အသတ်ခံရမှုမှ ကျူးလွန်သူဟု ယူဆရသူ ၃ ဦးလုံး ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖမ်းဆီးရမိထားသူများသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ တုံးတောကျေးရွာ‌နေ အသက် ၂၀ နှစ်အရွယ် တိုးချစ်လင်း (ခ)မွန်လေး၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြိုနယ်၊ ကွက်သစ်ကြီးကျေးရွာနေ အသက် ၁၉ နှစ်အရွယ်ဖြိုးဝေကျော် (ခ) ဂျွန်ကိုထက်နှင့် ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်‌နေ အသက် ၁၉ နှစ်အရွယ် လရောင်ခန့် (ခ) ဝတုတ်တို့ဖြစ်ကြသည်။

ကျူးလွန်သူဟု ယူဆရသူတစ်ဦးကို ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး ကျန် (၂) ဦးသည် ကြံခင်းမြို့နှင့် ဇင်းကျိုက်မြို့တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “CCTV မှတ်တမ်းကို လိုက်စစ်‌ဆေးကြည့်တော့ အခင်းဖြစ်တဲ့ နောက်ရက်‌တွေမှာ ဆိုင်ကယ် Taxi တစ်စီးနဲ့ အမျိုးသား ၃ ဦး စီးသွားတာတွေ့တယ်။ သူတို့ စီးသွားတဲ့ဆိုင်ကယ်သမားကို စစ်မေးကြည့်တော့ ၃ ယောက်လုံးကို မြိုင်သာယာရပ်ကွက်ထဲက ရွှေသံစဉ် KTV မှာ ချထားပေးခဲ့တယ်ဆိုလို စုံစမ်းဖော် ထုတ်နိုင်ခဲ့တယ်” ဟု ပြောသည်။

ကျူးလွန်သူဟု ယူဆရသူများသည် မော်လမြိုင်၊‌ မောင်ငံရပ်ကွက်၊‌ ကျောက်မီးသွေးရုံမီးပွိုင်အနီးရှိ စားသောက်ဆိုင်နှင့် မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းမပေါ်ရှိ The Vibe Bar တွင် အလုပ် လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်။

လူသတ်ပြီး လုယက်ခဲ့သည့် ဆိုင်ကယ်ကို ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့တွင် ၁၄ သိန်း ၇ သောင်းကျပ်ဖြင့် ရောင်းချသွား‌ခဲ့ကြောင်း၊ ဆိုင်ကယ်ကို သက်ဆိုင်ရာက ပြန်လည် သိမ်းဆည်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က မော်လမြိုင်မြို့၊ တောင်ရိုးတန်း View Ponit အောက်ဘက် ချစ်သူလမ်းကြားတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် ဆိုင်ကယ် Taxi မောင်းသမား ဦးအောင်ဟိန်းဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့သည်။

မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နေ အသက် ၄၅ နှစ်အရွယ် ဦးအောင်ဟိန်းဦးသည် ဇူလိုင်လ ၁ ရက်နေ့ညနေပိုင်းက ဆိုင်ကယ် Taxi ထွက်မောင်းရင်း ပျောက်ဆုံးသွားခဲ့သည်။ ၎င်းသည် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းကတည်းက အသတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြို့၊ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ (ပ) ၇၇/၂၀၂၆၊ ရာဇာသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts