Homeသတင်းမြဝတီတောင်ဘက်တိုက်ပွဲမှ စက်သေနတ်ကျည်ဆန်များ ထိမှန်ပြီး ထိုင်းဘက် နေအိမ် ၃ လုံးပျက်စီး

မြဝတီတောင်ဘက်တိုက်ပွဲမှ စက်သေနတ်ကျည်ဆန်များ ထိမှန်ပြီး ထိုင်းဘက် နေအိမ် ၃ လုံးပျက်စီး

-

ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် တိုက်ပွဲများမှ ပစ်ခတ်လိုက်သည့် စက်သေနတ်ကျည်များသည် ထိုင်းနိုင်ငံဘက် ထိမှန်နေပြီး  နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း ထိုင်းသတင်းဌာန ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ဟွေမဟာဝေါင်ရွာ၏ တစ်ဖက်ခြမ်းရှိ မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာနှင့် ဖလူးကြီးရွာအနီးတွင် စစ်ကော်မရှင်စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (PDF)တို့ကြား ယနေ့ ဇူလိုင် ၈ ရက်နေ့မနက်ပိုင်းအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့သည်။

တိုက်ပွဲအတွင်း လက်နက်ငယ်များ၊ ၆၀ မမနှင့် ၉၀ မမ စက်သေနတ်များအပြင် ၆၀ မမနှင့် ၉၀ မမ မော်တာကျည်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး နယ်စပ်တစ်လျှောက်ရှိ ထိုင်းကျေးရွာများအတွင်း ပစ်ခတ်သံများ ကျယ်လောင်စွာ ကြားရကြောင်း ဆိုသည်။

ယမန်နေ့ ဇူလိုင် ၇ ရက်နေ့က တိုက်ပွဲများမှ စက်သေနတ်ကျည်ဆန်များသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဲ့ကော့ကင်းရွာဘက်သို့ ထိမှန်မှုကြောင့် ထိုင်းနိုင်ငံသားနေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့သည့်အပြင်၊ အခြားမော်တာကျည်တစ်လုံးလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၏ နေအိမ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

လက်နက်ကြီး၊ လက်နက်ငယ်သံများကြောင့် ထိုင်းနယ်စပ်တလျှောက် နေထိုင်သည့် ထိုင်းပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အိမ်တွင်း၌ အကာအကွယ်ယူ ပုန်းအောင်းနေထိုင်နေရသည်။

ထို့ကြောင့် မဲဆောက်ခရိုင်ရှိ ထိုင်းစစ်တပ် ရာခ်ျမနူ အထူးတပ်ဖွဲ့သည် နယ်စပ်တလျှောက်ရှိ အန္တရာယ်ကျရောက်နိုင်သော ထိုင်းကျေးရွာများတွင် စစ်အင်အားများ ဖြည့်တင်းထားပြီး မြန်မာဘက်ခြမ်းမှ ပစ်ခတ်မှုများ ထိုင်းကျေးရွာများထဲသို့ ထပ်မံကျရောက်ခဲ့လျှင် သတိပေးတုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

လက်ရှိတွင် ထိုင်းစစ်တပ်က နယ်စပ်ဒေသ၌ စစ်အင်အားများ တိုးမြှင့်ထားသည့်အပြင် စက်သေနတ်တပ်ဆင်ထားသော ယာဉ်များကို အသင့်ပြင်ဆင်ထားပြီး နယ်စပ်တစ်လျှောက် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန် ပြည်သူများကို သတိပေးထားကြောင်း သိရသည်။

ကိုးကား_ North Now

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts