Homeသတင်းယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာတော် ၁၀ ပါးအထိရှိလာ

ယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် သံဃာတော် ၁၀ ပါးအထိရှိလာ

-

ထိုင်းနိုင်ငံ၊ မုဒက်ဟန်ခရိုင်တွင် ဇူလိုင် ၂ ရက်နေ့ ယာဉ်တိုက်မှုကြောင့် ဆေးရုံအတွင်း အရေးပေါ်ကုသနေသည့် သံဃာတော်များ ထပ်မံ ပျံတော်မူခဲ့ရသဖြင့် ပျံတော်မူသူ သံဃာ စုစုပေါင်း ၁၀ ပါးအထိရှိလာကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီတွင် မုဒက်ဟန်-ဒေါန်တန် လမ်းမတစ်လျှောက် ကြွချီလာသည့် သံဃာတော်များကို ကလေးငယ်တစ်ဦး မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီး ဝင်တိုက်မှုကြောင့် သံဃာ ၈ ပါး ပျံတော်မူပြီး ၁၃ ပါး ပြင်းထန် ဒဏ်ရာရခဲ့သည်။

ဒဏ်ရာရ သံဃာတော်များကို မုဒဟန်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုများ လုပ်ဆောင်စဉ် ဇူလိုင် ၂ ရက်နေ့ ည ၉ နာရီဝန်ကျင်းတွင် သံဃာ ၂ ပါး ထပ်မံ ပျံတော်မူခဲ့သည်။

၎င်းအပြင် နောက်ထပ် အသက်အန္တရာယ် စိုးရိမ်ရသည့် သံဃာ ၂ ပါး ကျန်ရှိနေသေးပြီး သံဃာအများစုတွင်လည်း လက်မောင်း၊ ခြေထောက်နှင့် နံရိုးများ ကျိုးသွားသဖြင့် ဆရာဝန်ကြီးများ အနီးကပ် စောင့်ကြည့်နေရကြောင်းလည်း သိရသည်။

ယာဉ်တိုက်မှုနဲ့ ပတ်သတ်၍လည်း ထိုင်းရဲအရာရှိများ စုံစမ်းစစ်ဆေးမှုဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပစ်ကပ်ကားကို သိမ်းဆည်းထားပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိ၊ မရှိ ခွဲခြမ်းစိတ်ဖြာ နေကြောင်းလည်း သိရသည်။

ပြစ်မှုကျူးလွန်သူမှာ ကလေးသူငယ်ဖြစ်နေသည့်အတွက် အာဏာပိုင်များအနေဖြင့် ဥပဒေကြောင်းအရ ဂရုတစိုက် ကိုင်တွယ်ဆောင်ရွက်နေရကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts