Homeသတင်းမြန်မာဘက် တိုက်ပွဲများကြောင့် မဲဆောက်နယ်စပ်ရှိ သဘာဝဂိတ်ဖြတ်ကျော်သွားလာခွင့်ပိတ်

မြန်မာဘက် တိုက်ပွဲများကြောင့် မဲဆောက်နယ်စပ်ရှိ သဘာဝဂိတ်ဖြတ်ကျော်သွားလာခွင့်ပိတ်

-

ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မဲဆောက်မြို့နယ်၊ မဟာဝမ်ဆပ်ဒေသ၊ မဲ့ကော့ကင်းကျေးရွာအုပ်စု ရပ်ကွက် ၁၊ ၂၊ ၄၊ ၉ ရှိ သဘာဝဂိတ်မှ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကို ယနေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ထိုင်းအာဏာပိုင်များက ကြေညာသည်။

ယနေ့ ဇူလိုင် ၃ ရက်နေ့အထိ မြဝတီမြို့နယ်တောင်ဘက်ရှိ မင်းလက်ပံနှင့် ဖလူး‌ကျေးရွာတဝိုက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် စစ်ကော်မရှင် စစ်တပ်ဖွဲ့တို့ကြား တိုက်ပွဲအခြေအနေများ ဆက်လက်ပြင်းထန်နေခဲ့သည်။

တိုက်ပွဲများကြောင့် မဲဆောက်ဘက် မဲ့ကော့ကင်းကျေးရွာအုပ်စု ရပ်ကွက် ၂၊ ၄၊ ၉ နယ်စပ်တစ်လျှောက်ရှိ ထိုင်းနေအိမ်များသို့ ကျည်ဆန်နှင့် လက်ပစ်ဗုံများ ကျရောက်ထိမှန်ကာ ပျက်စီးဆုံးရှုံမှုများ ဖြစ်ပေါ်နေသည်။

ထို့ကြောင့် ယမန်နေ့ ဇူလိုင် ၂ ရက်နေ့တွင် မဲ့ကော့ကင်းရွာသူရွာသားများ စုဝေးပြီး ဒေသကွပ်ကဲရေး ထိုင်းစစ်တပ်၊ မဲဆောက်မြို့ အုပ်ချုပ်ရေးမှူးတို့နှင့် သွားရောက်တွေ့ဆုံခဲ့ကြပြီး ယင်းပြဿနာကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။

ဒေသခံများ၏ လုံခြုံရေးနှင့် ကြုံတွေ့နေရသည့်ပြဿနာများကို ဖြေရှင်းရန်အတွက် ထိုင်းစစ်တပ်မှ နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်ခဲ့သည့်အပြင် တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်းသို့ ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို တားဆီးရန်အတွက် နယ်စပ်ဂိတ်များကို ယာယီပိတ်ရန် ကန့်သတ်ခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်ကော်မတီ TBC ၏ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ချန်နိုကာန်က မြန်မာနိုင်ငံ  TBC တို့နှင့် တွေ့ဆုံခဲ့ပြီး ရွာဒေသခံများ ကြုံတွေ့နေရသည့် ပြဿနာများနှင့် အခက်အခဲများကို အသိပေး ပြောကြားခဲ့မှုများလည်း ရှိခဲ့သည်။

ဒေသခံတို့၏ လုံခြုံရေးနှင့် အခက်အခဲများကြောင့် အခြေအနေ ကောင်းမွန်လာသည်အထိ ထိုင်းအာဏာပိုင်မှ နယ်စပ်ဖြတ်ကျော်ဂိတ်ကို အကန့်အသတ်မရှိ ပိတ်ကြောင်း ကြေညာသည်။

ကိုးကား-North Now

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts