Homeသတင်းဖမ်းဆီးခံ နိုင်ငံခြားသားများကို နေရပ်သို့ အမြန်ဆုံးပြန်ပို့နိုင်ရန် ထိုင်းအစိုးရမှ ဥပဒေပြင်ဆင်

ဖမ်းဆီးခံ နိုင်ငံခြားသားများကို နေရပ်သို့ အမြန်ဆုံးပြန်ပို့နိုင်ရန် ထိုင်းအစိုးရမှ ဥပဒေပြင်ဆင်

-

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရထားသည့် မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံသို့ ချက်ချင်းနေရပ်ပြန်ပို့နိုင်ရန် ထိုင်းအစိုးရက လက်ရှိကျင့်သုံးနေသော လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ရန်ရှိကြောင်း ထိုင်းသတင်းဌာန  ဖော်ပြချက်များအရ သိရသည်။

လက်ရှိကျင့်သုံးနေသည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၅၄ နှင့် ၅၅ အရ ဖမ်းဆီးခံရသူများသည် ၎င်းတို့၏ နေရပ်ပြန်စရိတ်ကို ကိုယ်တိုင် ကျခံရမည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်တွေ့တွင် ဖမ်းဆီးခံရသူအများစုသည် ငွေကြေးမတတ်နိုင်ကြသဖြင့် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်များ ကြန့်ကြာနေသည်။

ဖမ်းဆီးခံရသူများကို လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းများတွင် ရေရှည်ကျွေးမွေးထိန်းသိမ်းထားရသဖြင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာနှင့် နှစ်စဉ်ဘတ်ဂျက်ကုန်ကျစရိတ် အမြောက်အများ မြင့်တက်နေသည်ဟုလည်း ဆိုသည်။

ထိုင်းဒုဝန်ကြီးချုပ် Pakorn Nilprapunt က ယခုပြင်ဆင်မည့် ဥပဒေစနစ်သည် ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများကို နေရပ်ပြန်ရန် ထိုင်းအစိုးရက ကုန်ကျစရိတ်များကို ထုတ်ပေးကာ သက်ဆိုင်ရာနိုင်ငံများသို့ ချက်ချင်းပြန်လည်ပို့ဆောင်မည် ဖြစ်သည်ဟု  ပြောသည်။

အစိုးရစရိတ်ဖြင့် ချက်ချင်းပြန်ပို့ခြင်းက အချုပ်ခန်းများထဲတွင် လနှင့်ချီ၍ ကျွေးမွေးထိန်းသိမ်းထားရခြင်းထက် ထိုင်းနိုင်ငံအတွက် ဘတ်ဂျက်ကုန်ကျစရိတ် ပိုမိုသက်သာစေမည်ဟု ထိုင်းအစိုးရမှ ထွက်ချက်ထားသည်။

ထို့ကြောင့် ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်အတွက် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးကာ အမြန်ဆုံး အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည်။

ကိုးကား -The Nation 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts