ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီ အသက် ၇ နှစ်အရွယ် နောင်းအငွန် မိန်ကလေးငယ် သေဆုံးမှုကို အပူတပြင်းရှာဖွေနေစဉ် အမနှင့်ဦးလေးဖြစ်သူမှ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရားခံများကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကန်ချနပူရီသတင်းအရင်းမြစ်များတွင် ဖော်ပြသည်။
ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးချက်များအရ အခင်းဖြစ်ပွားရာတွင် အသုံးပြုခဲ့သည့် သုံးဘီးဆိုင်ကယ်ပေါ်ရှိ လက်ဗွေရာများကို ရှာဖွေထောက်လှမ်းရာမှတစ်ဆင့် သိရှိခဲ့ရခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့များက ယနေ့ ဇွန်လ ၆ ရက်နေ့ ယနေ့နံနက် ၁၀ နာရီတွင် တရားခံဖြစ်သည့် အသက် ၁၂ နှစ်အရွယ် နောင်းအငွန်၏ အမအရင်းဖြစ်သူနှင့် ၁၇ နှစ်အရွယ် ဦးလေးဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အဆိုပါ လူသေဆုံးမှုတွင် မတော်တဆဖြစ်ခဲ့သည်ဟုလည်း ထွက်ဆိုထားသည်။

နောင်းအငွန်မိသားစုထံ ရဲတပ်ဖွဲ့ဝင်များက တရားခံ ဖမ်းဆီရမိထားကြောင်းသာ အကြောင်းကြားထားပြီး တွေ့ဆုံခွင့်မပေးသေးကြောင်းလည်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ တရားခံကို ဖမ်းမိပြီးလို့ပဲ ပြောထားတယ်။ ဘယ်သူလဲဆိုတာလည်း မပြောလာဘူး။ သူ့အမနဲ့ ဦးလေးကို ပြန်မေးဖို့ကမရဘူး၊ မေးချင်တာပေါ့ သူပဲလားလုပ်ခဲ့တာလားဆိုတာကို သူ့ဦးလေးကတော့ အဖေတူ မအေကွဲ။ အမကတော့ အမေတူ ဖအေဖြစ်နေတယ်။ ” ဟု၎င်းကပြောသည်။
စုံစမ်းစစ်ဆေးချက်များအရ အခင်းဖြစ်ပွားသည့်နေ့ နံနက် ၁၁:၀၀ နာရီခန့်တွင် အစ်မဖြစ်သူ နှင့် ဦးလေးဖြစ်သူတို့သည် နောင်အငွန်၏ နေအိမ်တွင် လာရောက်ဆော့ကစားခဲ့ကြစဉ် ဆန်အိတ်ဖြင့် နောင်အငွန်၏ ဦးခေါင်းကို စွပ်ကာ လည်ပင်းကို နောက်ပြောင်ညှစ်၍ ကစားခဲ့ကြရာမှ ပြန်လည်ဖွင့်ကြည့်သည့်အခါတွင် နောင်အငွန် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။
ထို့နောက် မွန်းလွဲ ၃:၀၀ နာရီခန့်တွင် ဦးလေးဖြစ်သူက နောင်အငွန်၏ ရုပ်အလောင်းကို သုံးဘီးဆိုင်ကယ်ပေါ်တင်၍ အစ်မဖြစ်သူ မိန်းကလေးနှင့်အတူ ကျေးရွာလမ်းအတိုင်း မောင်းနှင်ကာ ရုပ်အလောင်းအား တွေ့ရှိခဲ့သည့် ရော်ဘာခြံအတွင်း သွားရောက်စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ ရဲတပ်ဖွဲ့မှ တရားခံကို ထိန်းသိမ်းထာပြီး ဥပဒေအရ ဆက်လက်အရေးယူရန် ဆောင်ရွက် နေကြောင်းသိရသည်။
ကိုးကား-Kanchanaburi News



